သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါရီ အိုလံပစ်ပွဲအတွက် Seine မြစ်ရေ သန့်ရှင်းမှု ဝန်ကြီးကိုယ်တိုင် ရေကူးစမ်းသပ်


Seine မြစ်
Seine မြစ်

ပြင်သစ်နိုင်ငံမှာ သိပ်မကြာခင် ရှေ့လထဲမှာ စတင်ကျင်းပမယ့် ပါရီအိုလံပစ် အားကစားပြိုင်ပွဲမှာ ယှဥ်ပြိုင်ကြမယ့် ရေကူးအားကစားသမားတွေအတွက် Seine မြစ်ရေရဲ့ သန့်ရှင်းကြည်လင်မှုကို စမ်းသပ်တဲ့အနေနဲ့ ပြင်သစ်အားကစားဝန်ကြီး အမ်မလီ အိုဒဲ−ကက်စ်တဲဟာ (Amelie Oudea-Castera) ကိုယ်တိုင် ဒီကနေ့ Seine မြစ်ထဲမှာ ရေကူးခဲ့ပါတယ်။

အသက် ၄၆ နှစ်အရွယ် ဝန်ကြီး အိုဒဲ−ကက်စ်တဲဟာ ဟာ မသန်စွမ်း ရေကူးချန်ပီယံ အာလီဆီ အွန်ကန်းကွန့် (Alexis Hanquinquant) နဲ့အတူ ရေကူးပြခဲ့တာပါ။ အာလီဆီ အွန်ကန်းကွန့် ကတော့ သြဂုတ်လ ၂၈ ရက်နေ့ စတင်မယ့် မသန်စွမ်း အားကစားပြိုင်ပွဲ ဖွင့်ပွဲမှာ အိမ်ရှင်ပြင်သစ်နိုင်ငံရဲ့ အလံ ကို ကိုင်ဆောင်မယ့်သူ ဖြစ်ပါတယ်။ ရာသီဥတု သာယာကောင်းမွန်မယ်ဆိုရင်တော့ ဇူလိုင်လ ၂၆ ရက် အိုလံပစ် အားကစားပွဲတော် ဖွင့်ပွဲနေ့မှာ Seine မြစ်ဟာ လှပတောက်ပပြီး ဆွဲဆောင်မှုရှိနေမှာပါ။

ရေကူးကန်ထဲမှာ မဟုတ်ဘဲ သဘာဝ မြစ်ချောင်းတွေထဲမှာ ယှဥ်ပြိုင်ကစားရတဲ့ ရေကူးအားကစားနဲ့အတူ စက်ဘီးစီးပြိုင်ပွဲ၊ အပြေးပြိုင်ပွဲတွေကို Seine မြစ်နဲ့ မြစ်ကမ်းတလျှောက်မှာ ကျင်းပသွားမှာ ဖြစ်ပါတယ်။ Seine မြစ်ရေဟာ လွန်ခဲ့တ့ ၁၂ ရက် အတွင်း ရေကူးဖို့ ယုံကြည်စိတ်ချရတဲ့ သန့်ရှင်းကြည်လင်မှု ရှိပါတယ်လို့ ပါရီမြို့တော်ဝန်ရုံးက ကြေညာခဲ့ပြီး နောက်တနေ့မှာ ဝန်ကြီး အိုဒဲ−ကက်စ်တဲဟာ (Amelie Oudea-Castera) အခုလို ကိုယ်တိုင် ရေဆင်းကူးကြည့်ခဲ့တာ ဖြစ်ပါတယ်။

Forum

XS
SM
MD
LG