သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အောင်ပွဲခံ ပြင်သစ်ဘောလုံးအသင်း သောင်းသောင်းဖျဖျကြိုဆို


၂၀၁၈ ကမ္ဘာ့ဖလားဘောလုံး ချန်ပီယံဖလားရခဲ့တဲ့ ပြင်သစ်ဘောလုံးအသင်းကို ပြင်သစ်သမ္မတ Emmanuel Macron နဲ့ Brigitte Macron တို့က Elysee နန်းတော်မှာ တနင်္လာနေ့က ခေါ်ယူဂုဏ်ပြုခဲ့ပါတယ်။ ရုရှားကနေ ကမ္ဘာ့ဖလားပိုက်ပြီး ပြန်ရောက်လာတဲ့ ပြင်သစ်အမျိုးသားဘောလုံးအသင်း အမိုးဖွင့် Bus ကားကြီးနဲ့ Elysee နန်းတော်ဆီ သွားရာလမ်းတလျှောက်မှာလည်း ထောင်သောင်းချီတဲ့ ပရိတ်သတ်တွေက သောင်းသောင်းဖြဖြ စောင့်ကြို နှုတ်ဆက်ခဲ့ကြပါတယ်။

ပါရီမြို့လည်က အထင်ကရ Champs Elysees လမ်းမကြီးတလျှောက်မှာဆိုရင် ဘောလုံးအသင်းသားတွေရဲ့ Bus ကားကြီး ဖြတ်သွားစဉ်မှာ ပရိတ်သတ်တွေက ပြင်သစ်အလံတွေကို ဝှေ့ယမ်း။ မီးရှုးတွေဖောက်ပြီးကြိုဆိုကြတဲ့အပြင် လေယာဉ်ပျံတွေက ပြင်သစ်အလံအရောင် အပြာ အဖြူ အနီအရောင်တွေ လွှတ်ပြီး ဝေဟင်ကနေ ပျံသန်းခဲ့ကြပါတယ်။

Elysee နန်းတော်မှာလည်း ဘောလုံးအသင်းသားတွေက အောင်ပွဲခံ ပြင်သစ်ဘောလုံးသီချင်းကို သီဆိုခဲ့ကြသလို ပြင်သစ်သမ္မတနဲ့အတူ နိုင်ငံတော်သီချင်းကိုလည်း သီဆိုခဲ့ကြပါတယ်။ ပြင်သစ်ဘောလုံးအသင်းကို ပြင်သစ်နိုင်ငံရဲ့ အမြင့်ဆုံးဂုဏ်ထူးဆောင်ဆုဖြစ်တဲ့ Leigion of Honour ဆုကို ချီးမြင့်မယ်လို့ သမ္မတရုံက ကြေညာထားပါတယ်။ တနင်္ဂနွေနေ့က ကစားခဲ့တဲ့ ကမ္ဘာ့ဖလားဗိုလ်လုပွဲဖိုင်နယ်မှာ ပြင်သစ်အသင်းက ခရိုရေးရှားအသင်းကို ၄ ဂိုး ၂ ဂိုးနဲ့ အနိုင်ရ ဗိုလ်စွဲခဲ့တာပါ။ ဒါဟာ အနှစ် ၂၀ အတွင်း ပြင်သစ်အသင်း ဒုတိယမြောက် ကမ္ဘာ့ဖလားကို ရရှိခဲ့တာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG