သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ခေါင်းဖြတ်သတ် IS ဗွီဒီယိုမှာ ပြင်သစ်တစ်ဦး ပါကြောင်း အစိုးရအတည်ပြု


IS စစ်သွေးကြွတွေ ခေါင်းဖြတ်သတ်ဖြတ်ခံရသူ Abdul-Rahman (Peter) Kassig
IS စစ်သွေးကြွတွေ ခေါင်းဖြတ်သတ်ဖြတ်ခံရသူ Abdul-Rahman (Peter) Kassig

အမေရိကန် အကူအညီပေးရေးဝန်ထမ်း Abdul-Rahman Kassig ကို ခေါင်းဖြတ်သတ်လိုက်ကြောင်း ကြေညာတဲ့ ဗီဒီယိုမှာ တွေ့ရတဲ့ IS စစ်သွေးကြွတွေထဲမှာ ပြင်သစ်နိုင်ငံသားတယောက်လည်း ပါဝင်တယ်လို့ ပြင်သစ်တာဝန်ရှိသူ တွေက ပြောဆိုလိုက်ပါတယ်။

အဲဒီ ပြင်သစ်နိုင်ငံသားဟာ အသက် ၂၂ အရွယ် Maxime Hauchard ဖြစ်ပြီး သူဟာ Mauritania မှာ ခေတ္တနေထိုင်ခဲ့ပြီးနောက် ဆီးရီးယားကို ရောက်သွားတာ တနှစ်ကျော်ရှိခဲ့ပြီလို့ တယ်လို့ ပြင်သစ် ပြည်ထဲရေးဝန်ကြီး Bernard Cazeneuve က ပြောဆိုပါတယ်။

Kassig ရဲ့ခေါင်းပြတ်နဲ့ နောက်ထပ် အနည်းဆုံး ဆီးရီးယား စစ်သားအနည်းဆုံး ၁၈ ဦးခေါင်းဖြတ်ခံရတဲ့ ဗီဒီယိုထဲမှာတွေ့ရတဲ့ ဂျီဟဒ်ဒစ်စ် အစွန်းရောက် ၁၆ ဦးထဲမှာ နောက်ထပ် ပြင်သစ်နိုင်ငံသားတဦး ပါဝင်မှုရှိမရှိဆိုတာကို ကြိုးစားစုံစမ်းနေဆဲဖြစ်တယ်လို့ ပြင်သစ်အစိုးရအရာရှိတွေက ပြောပါတယ်။

ဇွန်လကုန်ပိုင်းကစပြီး ဆီးရီးယားနိုင်ငံအတွင်းမှာ လူပေါင်း ၁၄၀၀ ကျော်ကို IS စစ်သွေးကြွတွေက ကွတ်မျက်ခဲ့ပြီး ဖြစ်တယ်လို့ ဗြိတိန်အခြေစိုက် ဆီးရီးယားလူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့က ပြောပါတယ်။

အသတ်ခံခဲ့ရတဲ့ အမေရိကန်နိုင်ငံသား Abdul-Rahman Kassig ဟာ စစ်ဘေးဒဏ်သင့်နေတဲ့ ဆီးရီးယားနိုင်ငံမှာ လူသားချင်းစာနာမှု အကူအညီတွေ ဆောင်ရွက်ရင်း လွန်ခဲ့တဲ့ ၁၃ လက ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

အမေရိကန် သမ္မတ ဘရက်အိုဘားမားကတော့ ခုလိုခေါင်းဖြတ်သတ်မှုဟာ IS စစ်သွေးကြွတွေရဲ့ မိစ္ဆာတို့ရဲ့ စက်ဆုတ်ရွံရှာဖွယ်ကောင်းတဲ့ လုပ်ရပ်ဖြစ်တယ်လို့ တနင်္ဂနွေနေ့က ပြစ်တင် ရှုတ်ချလိုက်ပါတယ်။

XS
SM
MD
LG