သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗဟိုအာဖရိက နိုင်ငံ အကြမ်းဖက်မှု လူ ၃၀၀ နီးပါးသေဆုံး


ဗဟိုအာဖရိကနိုင်ငံ အာဏာသိမ်းအစိုးရတပ်များ (ဒီဇင်ဘာ ၆၊ ၂၀၁၃)
ဗဟိုအာဖရိကနိုင်ငံ အာဏာသိမ်းအစိုးရတပ်များ (ဒီဇင်ဘာ ၆၊ ၂၀၁၃)
ဗဟိုအာဖရိက သမ္မတနိုင်ငံမှာ နှစ်ရက်တာ ဖြစ်ပွားတဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေအတွင်း သေဆုံးသူ ၃၀၀ နီးပါး တိုးလာတဲ့ အကြောင်း နောက်ဆုံးရသတင်းတွေအရ သိရပါတယ်။ ပြီးခဲ့တဲ့ မတ်လက သမ္မတ Fancois Bozize ကို ရာထူးကနေ ဖယ်ရှားခဲ့တဲ့ သူပုန်ညွှန့်ပေါင်းအဖွဲ့နဲ့ ဆက်နွယ်နေတဲ့ သေနတ်သမားတွေက မြို့တော်တွင်း လူတွေသေကြေတဲ့အထိ စီနင်း တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတဲ့အကြောင်း ဗဟိုအာဖရိက သမ္မတနိုင်ငံမှာရှိတဲ့ Amnesty International အဖွဲ့ ဝန်ထမ်းတဦးဖြစ်တဲ့ Joanna Mariner က ဗွီအိုအေကို ပြောပါတယ်။

မတည်မငြိမ်ဖြစ်နေတဲ့ အခြေအနေကို အခွင့်ကောင်းယူပြီး မတ်လထဲမှာ အာဏာသိမ်းခဲ့တဲ့ အစိုးရတပ်ဖွဲ့တွေဟာ အတိုက်အခံ လက်နက်ကိုင်အဖွဲ့ တွေကို တအိမ်တက်ဆင်း လိုက်လံ ရှာဖွေတာ၊ အိမ်တွေကို ချိုးဖောက်ဝင်ရောက်ပြီး လုယက်ဖျက်ဆီး မှုတွေနဲ့ အတူ ဘယ်သူဘယ်ဝါ မခွဲခြားဘဲ သတ်ဖြတ်နေတယ်လို့လည်း သူက ပြောပါတယ်။

နှစ်ရက်တာဖြစ်ပွားတဲ့ အကြမ်းဖက်မှုတွေ အတွင်း အလောင်း ၂၈၁ လောင်း ကောက်ခဲ့ရတယ်လို့ ကြက်ခြေနီအဖွဲ့ က ပြောပါတယ်။ ကြက်ခြေနီအဖွဲ့ ဝန်ထမ်းတွေ အနေနဲ့ သောကြာနေ့ ညပိုင်းမှာ အလုပ်တွေ ခဏရပ်ထားရပြီး စနေနေ့ အလုပ်တွေ ပြန်စတဲ့အခါ နောက်ထပ် အသေအပျောက်တွေ ထပ်ပြီး တွေ့ရနိုင်တယ်လို့လည်း ကြက်ခြေနီအဖွဲ့ အရာရှိတွေက ပြောပါတယ်။

ဗဟိုအာဖရိက သမ္မတနိုင်ငံတွင်း တည်ငြိမ်မှု ပြန်ရလာစေဖို့ အတွက် နိုင်ငံခြားတပ်ဖွဲ့တွေ ဖြန့်ကျက်ချထားဖို့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ခွင့်ပြုခဲ့ပြီးတဲ့နောက် သောကြာနေ့ က နိုင်ငံထဲကို ပြင်သစ်တပ်ဖွဲ့တွေ ထပ်မံ ရောက်ရှိခဲ့ပေမဲ့လို့၊ အကြမ်းဖက်မှုတွေကတော့ ဆက်လက် ဖြစ်ပွားနေတုန်းပဲဖြစ်ပါတယ်။
XS
SM
MD
LG