သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကယ်လီဖိုးနီးယား ဇနီးမောင်နှံကို သေနတ် ရှာပေးသူ အဖမ်းခံရ


Enrique Marquez နေအိမ်ကို အမေရိကန် ဗဟိုစုံစမ်းရေးဗျူရို FBI က ဝင်ရောက်စီးနင်းစဉ်။
Enrique Marquez နေအိမ်ကို အမေရိကန် ဗဟိုစုံစမ်းရေးဗျူရို FBI က ဝင်ရောက်စီးနင်းစဉ်။

လွန်ခဲ့တဲ့ သီတင်းနှစ်ပတ်က ကယ်လီဖိုးနီးယားပြည်နယ်မှာရှိတဲ့ အစိုးရရုံးတခုမှာ လူ ၁၄ ဦးကို ပစ်သတ်ခဲ့တဲ့ ဇနီးမောင်နှံကို သေနတ်တွေ ဝယ်ပေးခဲ့တဲ့ အိမ်နီးချင်း၊ မိတ်ဆွေဖြစ်သူကို အကြမ်းဖက်သမားတွေကို ထောက်ခံမှု၊ လက်နက် ဝယ်ယူရာမှာနဲ့ ပြည်ဝင်ခွင့်ရရှိရေးမှာ လိမ်လည်မှုတွေနဲ့ ကြာသပတေးနေ့က စွဲချုက်တင်လိုက်ပါပြီ။

Enrique Marquez ကို အမေရိကန် ဗဟိုစုံစမ်းရေးဗျူရို FBI က ကြာသပတေးနေ့မှာ ဖမ်းဆီးခဲ့တာပါ။ ပြစ်မှုထင်ရှားတွေ့ရှိရင်တော့ သူဟာ ထောင်ဒဏ် ၃၅ နှစ်အထိ ကျခံရနိုင်ပါတယ်။

“ဒီဇင်ဘာလ ၂ ရက်နေ့က တိုက်ခိုက်မှုမှာ မစ္စတာ Marquez ပါဝင်ခဲ့သလား ဒါမှမဟုတ် ဒါကို ကြိုတင်သိရှိခဲ့သလား ဆိုတဲ့ အထောက်အထားတွေ ကို လောလောဆယ် မတွေ့ရသေးပေမဲ့ လက်နက်တွေကို ကြိုတင်ဝယ်ယူမှုနဲ့ လူ အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုကို ကျူးလွန်ဖို့ Syed Farook ရဲ့ ရည်ရွယ်ချက်နဲ့ ပတ်သက်ပြီး အာဏာပိုင်တွေကို အသိပေးဖို့ ပျက်ကွက်ခဲ့တယ်” - လို့ အမေရိကန် အစိုးရရှေ့နေ Eileen Decker က ကြာသပတေးနေ့မှာ ပြောဆိုခဲ့ပါတယ်။

ကယ်လီဖိုးနီးယားက အစုလိုက်အပြုံလိုက် သတ်ဖြတ်ရာမှာ သုံးဖို့အတွက် အမေရိကန်ဖွား Syed Farook နဲ့ ပါကစ္စတန်ဖွား ဇနီးသည် Tashfeen Malik တို့ကို Marquez က လက်နက်တွေ တရားဝင် ဝယ်ယူပေးခဲ့တာ ဖြစ်ပါတယ်။

XS
SM
MD
LG