သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံ ပြုပြင်ရေး မိတ်ဆွေနိုင်ငံများ ဆက်ကူမည်


ကုလသမဂ္ဂအထွေအထွေအတွင်းရေးမှူးချုပ် Ban Ki Moon နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ကုလရုံးချုပ်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ်
ကုလသမဂ္ဂအထွေအထွေအတွင်းရေးမှူးချုပ် Ban Ki Moon နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ကုလရုံးချုပ်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်စဉ်
ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘမ်ကီမွန်းဟာ ဒီကနေ့ သောကြာနေ့ ညနေပိုင်းမှာ မြန်မာ့ မိတ်ဆွေနိုင်ငံများ အဖွဲ့က သံအမတ်ကြီးတွေ နဲ့ တွေ့ဆုံပြီးတော့ မြန်မာ့အရေး ကို ဆွေးနွေးခဲ့ပါတယ်။

လက်ရှိ မြန်မာနိုင်ငံ ရဲ့ တိုးတက်မှုတွေကို ဆွေးနွေးသုံးသပ်ကြပြီးတော့ နောင်ကို ဆက်လက်ကူညီ ပံ့ပိုးသွားမယ့် အကြောင်း ညှိနိူင်းခဲ့ကြတာ ဖြစ်တယ်လို့ ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ မြန်မာ့အရေး အထူးအကြံပေးပုဂ္ဂိုလ် ဗီဂျေးနမ်ဗီးယားက ကြေငြာချက်ထုတ်ပြန်ထားပါတယ်။
XS
SM
MD
LG