သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

Frontier Myanmar က သတင္းသမားႏွစ္ဦး လူ႔အခြင့္အေရး စာနယ္ဇင္းထူးခၽြန္ဆု ခ်ီးျမွင့္ခံရ


Frontier Myanmar Logo

(Zawgyi/Unicode)

ျမန္မာႏုိင္ငံအေျခစိုက္ Frontier Myanmar သတင္းအယ္ဒီတာခ်ဳပ္ Thomas Kean နဲ႔ သတင္းဓာတ္ပုံဆရာ ခြန္လတ္တို႔ဟာ ၂၀၂၀ ခုႏွစ္ လူ႔အခြင့္အေရးဆုိင္ရာ စာနယ္ဇင္းထူးခၽြန္ဆုေတြ ခ်ီးျမွင့္ခံရပါတယ္။

အာရွတလႊားက လူ႔အခြင့္အေရးနဲ႔ဆုိင္တဲ့ သတင္းေရးသားေပးပို႔ခ်က္ေတြကို အေျခခံၿပီး ဒီဆုကို ေရြးခ်ယ္ခ်ီးျမွင့္တာပါ။ Frontier Myanmar သတင္းအယ္ဒီတာခ်ဳပ္ Thomas Kean ကၿပီးခဲ့တဲ့ႏွစ္ ႏုိ၀င္ဘာ ၇ ရက္ေန႔က ထုတ္ေ၀ခဲ့တဲ့ Frontier မဂၢဇင္းထဲမွာ Born Illegal: Detained Rohingya children are victims, not criminals ဆုိတဲ့ ေခါင္းစဥ္နဲ႔ အယ္ဒီတာ့အာေဘာ္ေဆာင္းပါးအတြက္ ဆုခ်ီးျမွင့္ခံရတာျဖစ္ပါတယ္။

ဓာတ္ပုံဆရာ ခြန္လတ္ကေတာ့ Jade Crisis လို႔ နာမည္ေပးထားတဲ့ ကခ်င္ျပည္နယ္ ဖားကန္႔ေက်ာက္စိမ္းတြင္းေတြနဲ႔ ပတ္သက္ၿပီး သူ႐ုိက္ထားတဲ့ သတင္းဓာတ္ပုံအတြက္ ဆုခ်ီးျမွင့္ခံရတာပါ။

ဒီဆုကို ေဟာင္ေကာင္က ႏုိင္ငံျခားသတင္းေထာက္မ်ားအသင္း၊ Amnesty International လို႔ေခၚတဲ့ ႏုိင္ငံတကလူ႔အခြင့္အေရးအဖဲြ႔၊ ေဟာင္ေကာင္အဖြဲ႔ခြဲနဲ႔ ေဟာင္ေကာင္သတင္းေထာက္မ်ားအဖဲြ႔က ေရြးခ်ယ္ခ်ီးျမွင့္တာျဖစ္ပါတယ္။

လူေတြရဲ႕ အေျခခံအခြင့္အေရးေတြကို ပိုၿပီးေတာ့ ေလးစား လိုက္နာလာဖို႔နဲ႔ လူေတြရဲ႕ လြတ္လပ္ခြင့္ေတြကို ၿခိမ္းေျခာက္လာေနတဲ့ အရာေတြကို အာရုံစုိက္လာေစဖို႔အတြက္ ရည္ရြယ္ၿပီး ဒီဆုကို ခ်ီးျမွင့္လာခဲ့တာဟာ အခုဆုိရင္ ၂၄ ႀကိမ္ေျမာက္ရွိသြားၿပီျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

[Unicode Version]

Frontier Myanmar က သတင်းသမားနှစ်ဦး လူ့အခွင့်အရေး စာနယ်ဇင်းထူးချွန်ဆု ချီးမြှင့်ခံရ

မြန်မာနိုင်ငံအခြေစိုက် Frontier Myanmar သတင်းအယ်ဒီတာချုပ် Thomas Kean နဲ့ သတင်းဓာတ်ပုံဆရာ ခွန်လတ်တို့ဟာ ၂၀၂၀ ခုနှစ် လူ့အခွင့်အရေးဆိုင်ရာ စာနယ်ဇင်းထူးချွန်ဆုတွေ ချီးမြှင့်ခံရပါတယ်။

အာရှတလွှားက လူ့အခွင့်အရေးနဲ့ဆိုင်တဲ့ သတင်းရေးသားပေးပို့ချက်တွေကို အခြေခံပြီး ဒီဆုကို ရွေးချယ်ချီးမြှင့်တာပါ။ Frontier Myanmar သတင်းအယ်ဒီတာချုပ် Thomas Kean ကပြီးခဲ့တဲ့နှစ် နိုဝင်ဘာ ၇ ရက်နေ့က ထုတ်ဝေခဲ့တဲ့ Frontier မဂ္ဂဇင်းထဲမှာ Born Illegal: Detained Rohingya children are victims, not criminals ဆိုတဲ့ ခေါင်းစဉ်နဲ့ အယ်ဒီတာ့အာဘော်ဆောင်းပါးအတွက် ဆုချီးမြှင့်ခံရတာဖြစ်ပါတယ်။

ဓာတ်ပုံဆရာ ခွန်လတ်ကတော့ Jade Crisis လို့ နာမည်ပေးထားတဲ့ ကချင်ပြည်နယ် ဖားကန့်ကျောက်စိမ်းတွင်းတွေနဲ့ ပတ်သက်ပြီး သူရိုက်ထားတဲ့ သတင်းဓာတ်ပုံအတွက် ဆုချီးမြှင့်ခံရတာပါ။

ဒီဆုကို ဟောင်ကောင်က နိုင်ငံခြားသတင်းထောက်များအသင်း၊ Amnesty International လို့ခေါ်တဲ့ နိုင်ငံတကလူ့အခွင့်အရေးအဖွဲ့၊ ဟောင်ကောင်အဖွဲ့ခွဲနဲ့ ဟောင်ကောင်သတင်းထောက်များအဖွဲ့က ရွေးချယ်ချီးမြှင့်တာဖြစ်ပါတယ်။

လူတွေရဲ့ အခြေခံအခွင့်အရေးတွေကို ပိုပြီးတော့ လေးစား လိုက်နာလာဖို့နဲ့ လူတွေရဲ့ လွတ်လပ်ခွင့်တွေကို ခြိမ်းခြောက်လာနေတဲ့ အရာတွေကို အာရုံစိုက်လာစေဖို့အတွက် ရည်ရွယ်ပြီး ဒီဆုကို ချီးမြှင့်လာခဲ့တာဟာ အခုဆိုရင် ၂၄ ကြိမ်မြောက်ရှိသွားပြီဖြစ်ပါတယ်။

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG