သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

႐ုရွားစစ္တပ္အတြက္ နည္းပညာနဲ႔လက္နက္ ခိုးယူသူေတြကို ကန္တရားစြဲ 


႐ုရွားေထာက္လွမ္းေရးဌာန FSB Logo

[[Zawgyi/Unicode]]

႐ုရွားစစ္တပ္အတြက္ အေမရိကန္ရဲ႕အေရးပါတဲ့နည္းပညာတခ်ဳိ႕နဲ႔ စစ္လက္နက္ပစၥည္းတခ်ိဳ႕ကို တရားမဝင္ရယူခဲ့တယ္ဆိုတဲ့ စြပ္စဲြခ်က္နဲ႔ အေမရိကန္ ၂ ေယာက္နဲ႔ ႐ုရွား ၅ ေယာက္ကို အေမရိကန္အစိုးရေရွ႕ေနေတြက တရားစြဲလိုက္ပါတယ္။

တရားစြဲခံရသူ ၇ ေယာက္လံုးဟာ ႐ုရွားေထာက္လွမ္းေရးဌာန FSB ရဲ႕ ၫႊန္ၾကားခ်က္ေအာက္မွာ လည္ပတ္ေနတဲ့ ေမာ္စကိုအေျခစိုက္ စက္မႈနဲ႔ ပစၥည္းကရိယာထုတ္လုပ္ေရးကုမၸဏီ ၂ ခု နဲ႔ ဆက္စပ္ေနသူေတြျဖစ္ၾကပါတယ္။ ယူကရိန္းကို ႐ုရွားစစ္ဝင္တိုက္ၿပီးေနာက္မွာ အဲဒီကုမၸဏီ ၂ ခုျဖစ္တဲ့ Serniya Engineering နဲ႔ Sertal LLC တို႔ကို အေမရိကန္ ဘ႑ာေရးနဲ႔ စီးပြားကူးသန္းဌာနက အေရးယူဒဏ္ခတ္အေရးယူထားပါတယ္။ ဒီ႐ုရွားစက္မႈလက္မႈကုမၸဏီ ၂ ခုဟာ ႐ုရွားစစ္တပ္အတြက္လိုအပ္တဲ့ပစၥည္းကရိယာေတြကို ေထာက္ပံ့ေပးေနတဲ့ကုမၸဏီေတြျဖစ္ပါတယ္။

တရားစြဲခံရတဲ့ အေမရိကန္ႏိုင္ငံသားႏွစ္ဦးျဖစ္တဲ့ နယူဟမ္းရွားျပည္နယ္က Alexey Brayman နဲ႔ နယူးဂ်ာစီျပည္နယ္က Vadim Yermolenko တို႔ကို အဂၤါေန႔က ဖမ္းဆီးခဲ့တယ္လို႔ တရားေရးဌာနက ေျပာပါတယ္။ Estonia မွာေနတဲ့ FSB အရာရွိျဖစ္တယ္လို႔ မသကၤာသူ Vadim Konoshchenok ကိုလည္း အေမရိကန္ရဲ႕ ေတာင္းဆိုခ်က္အရ Estonia အာဏာပိုင္ေတြက ၿပီးခဲ့တဲ့ သီတင္းပတ္မွာ ဖမ္းဆီးခဲ့တာျဖစ္ၿပီး သူ႔ကို အေမရိကန္ကို လႊဲေျပာင္းေပးမွာျဖစ္တယ္လို႔လည္း ေျပာပါတယ္။

ေလာေလာဆယ္ ၃ ဦးကိုဖမ္းမိထားေၾကာင္းနဲ႔ ႐ုရွားရဲ႕စစ္ပဲြကို ေထာက္ခံအားေပးသူေတြကို အေမရိကန္တရားေရးဌာနနဲ႔ ႏိုင္ငံတကာမဟာမိတ္ေတြက လုံးဝသည္းခံမွာမဟုတ္ဘူးလို႔ အေမရိကန္ေရွ႕ေနခ်ဳပ္ Merrick Garland ကေၾကညာခ်က္မွာ ေျပာဆိုထားပါတယ္။ က်န္ရုရွားႏိုင္ငံသား ၄ ဦးကေတာ့လြတ္ေျမာက္ေနဆဲျဖစ္ပါတယ္။

Serniya ကုမၸဏီဟာ အေမရိကန္နဲ႔အေနာက္တိုင္းႏိုင္ငံေတြရဲ႕ ပိတ္ဆို႔ဒဏ္ခတ္မႈကိုေရွာင္ရွားၿပီး ႐ုရွားစစ္တပ္အတြက္ ၾကားခံလ်ပ္ကူးပစၥည္းေတြအပါအဝင္ စစ္ဘက္မွာလည္းသံုးႏိုင္တဲ့ အဆင့္ျမင့္ နည္းပညာနဲ႔ အေရးပါတဲ့စစ္သုံးပစၥည္းေတြကိုရယူေနတယ္လို႔ တရားလိုစဲြခ်က္မွာ ေဖၚျပထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

=================

[[Unicode]]

ရုရှားစစ်တပ်အတွက် နည်းပညာနဲ့လက်နက် ခိုးယူသူတွေကို ကန်တရားစွဲ

ရုရှားစစ်တပ်အတွက် အမေရိကန်ရဲ့အရေးပါတဲ့နည်းပညာတချို့နဲ့ စစ်လက်နက်ပစ္စည်းတချို့ကို တရားမဝင်ရယူခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ အမေရိကန် ၂ ယောက်နဲ့ ရုရှား ၅ ယောက်ကို အမေရိကန်အစိုးရရှေ့နေတွေက တရားစွဲလိုက်ပါတယ်။

တရားစွဲခံရသူ ၇ ယောက်လုံးဟာ ရုရှားထောက်လှမ်းရေးဌာန FSB ရဲ့ ညွှန်ကြားချက်အောက်မှာ လည်ပတ်နေတဲ့ မော်စကိုအခြေစိုက် စက်မှုနဲ့ ပစ္စည်းကရိယာထုတ်လုပ်ရေးကုမ္ပဏီ ၂ ခု နဲ့ ဆက်စပ်နေသူတွေဖြစ်ကြပါတယ်။ ယူကရိန်းကို ရုရှားစစ်ဝင်တိုက်ပြီးနောက်မှာ အဲဒီကုမ္ပဏီ ၂ ခုဖြစ်တဲ့ Serniya Engineering နဲ့ Sertal LLC တို့ကို အမေရိကန် ဘဏ္ဍာရေးနဲ့ စီးပွားကူးသန်းဌာနက အရေးယူဒဏ်ခတ်အရေးယူထားပါတယ်။ ဒီရုရှားစက်မှုလက်မှုကုမ္ပဏီ ၂ ခုဟာ ရုရှားစစ်တပ်အတွက်လိုအပ်တဲ့ပစ္စည်းကရိယာတွေကို ထောက်ပံ့ပေးနေတဲ့ကုမ္ပဏီတွေဖြစ်ပါတယ်။

တရားစွဲခံရတဲ့ အမေရိကန်နိုင်ငံသားနှစ်ဦးဖြစ်တဲ့ နယူဟမ်းရှားပြည်နယ်က Alexey Brayman နဲ့ နယူးဂျာစီပြည်နယ်က Vadim Yermolenko တို့ကို အင်္ဂါနေ့က ဖမ်းဆီးခဲ့တယ်လို့ တရားရေးဌာနက ပြောပါတယ်။ Estonia မှာနေတဲ့ FSB အရာရှိဖြစ်တယ်လို့ မသင်္ကာသူ Vadim Konoshchenok ကိုလည်း အမေရိကန်ရဲ့ တောင်းဆိုချက်အရ Estonia အာဏာပိုင်တွေက ပြီးခဲ့တဲ့ သီတင်းပတ်မှာ ဖမ်းဆီးခဲ့တာဖြစ်ပြီး သူ့ကို အမေရိကန်ကို လွှဲပြောင်းပေးမှာဖြစ်တယ်လို့လည်း ပြောပါတယ်။

လောလောဆယ် ၃ ဦးကိုဖမ်းမိထားကြောင်းနဲ့ ရုရှားရဲ့စစ်ပွဲကို ထောက်ခံအားပေးသူတွေကို အမေရိကန်တရားရေးဌာနနဲ့ နိုင်ငံတကာမဟာမိတ်တွေက လုံးဝသည်းခံမှာမဟုတ်ဘူးလို့ အမေရိကန်ရှေ့နေချုပ် Merrick Garland ကကြေညာချက်မှာ ပြောဆိုထားပါတယ်။ ကျန်ရုရှားနိုင်ငံသား ၄ ဦးကတော့လွတ်မြောက်နေဆဲဖြစ်ပါတယ်။

Serniya ကုမ္ပဏီဟာ အမေရိကန်နဲ့အနောက်တိုင်းနိုင်ငံတွေရဲ့ ပိတ်ဆို့ဒဏ်ခတ်မှုကိုရှောင်ရှားပြီး ရုရှားစစ်တပ်အတွက် ကြားခံလျပ်ကူးပစ္စည်းတွေအပါအဝင် စစ်ဘက်မှာလည်းသုံးနိုင်တဲ့ အဆင့်မြင့် နည်းပညာနဲ့ အရေးပါတဲ့စစ်သုံးပစ္စည်းတွေကိုရယူနေတယ်လို့ တရားလိုစွဲချက်မှာ ဖေါ်ပြထားပါတယ်။

စိတ္၀င္စားဖြယ္ ...

XS
SM
MD
LG