သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖူဂျီ ကမ္ဘာ့ရှေးဟောင်းအမွေအနှစ် စာရင်းဝင်


နှင်းတွေဖုံးနေတ့ ဖူဂျီတောင်။
နှင်းတွေဖုံးနေတ့ ဖူဂျီတောင်။
ဂျပန်နိုင်ငံရဲ့ အထင်ကရအဖြစ်ဆုံး ဖူဂျီ (Fuji) တောင်ကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် ထိမ်းသိန်းစောင့်ရှောက်ရမယ့် နေရာအဖြစ် သတ်မှတ်လိုက်လို့ ဂျပန်နိုင်ငံ အထူးဂုဏ်ယူနေပါတယ်။ ပေတစ်သောင်း နှစ်ထောင်ကျော်မြင့်တဲ့ Fuji တောင်ဟာ ဂျပန်လူမျိုးတွေအတွက် ယဉ်ကျေးမှုအရရော ဘာသာရေးအရပါ တန်ဖိုးထားရတဲ့နေရာပါ။

UNESCO ကုလသမဂ္ဂ ပညာရေး သိပ္ပံနဲ့ ယဉ်ကျေးမှု အဖွဲ့က အဲဒီလို သတ်မှတ်ဖို့ မဲပေးရွေးချယ်နေတာကို Fuji တောင်တဝိုက် မြို့တွေမှာ ဒေသခံတွေ အများနဲ့သက်ဆိုင်တဲ့ခမ်းမတွေကနေ ရုပ်မြင်သံကြား အကြီးကြီးတွေနဲ့ အချိန်နဲ့တပြေးညီ ကြည့်ရှုနေခဲ့ကြပြီး၊ နောက်ဆုံး အဖြေထွက်လာတော့ ဝမ်းသာအားရ အော်ဟစ်အားပေးခဲ့ကြပါတယ်။

UNESCO က ကမ္ဘောဒီးယားနိုင်ငံ Phnom Penh မြို့တော်ကနေ ရွေးချယ်ပေး လိုက်တာပါ။ ကမ္ဘာတလွှားက နေရာဒေသပေါင်း ၉၆၀ ကျော်ကို ကမ္ဘာ့ အမွေအနှစ် ထိမ်းသိန်းစောင့်ရှောက်ရမယ့်ေနရာတွေအဖြစ် UNESCO က သတ်မှတ်ပေးထားတာဖြစ်ပါတယ်။ သူတို့က သိပ်ထူးခြားလှပတဲ့နေရာတွေ ဒါမှမဟုတ် ယဉ်ကျေးမှုအရ အဖိုးတန်တဲ့နေရာတွေကို အဲဒီလို သတ်မှတ်ပေးတာဖြစ်ပါတယ်။
XS
SM
MD
LG