သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Fukushima စက်ရုံ ရေဒီယိုသတ္တိကြွအဆင့် စိုးရိမ်ရအောင်မြင့်


ဂျပန်နိုင်ငံ၊ Fukushima Nuclear စက်ရုံ မှာ ရေသိုလှောင်ကန်ထဲက ရေတွေရဲ့ဓာတ်ရောင်ခြည်သင့်တဲ့ပမာဏ မြင့်မားမှုရှိတဲ့အတွက် ဒီညစ်ညမ်းတဲ့ ရေအခြေအနေကြောင့် တပတ်အတွင်းမှာ စိုးရိမ်ဖွယ်အခြေအနေကနေ အန္တရာယ်ပေးနိုင်တဲ့အဆင့်အထိ တက်သွားတယ်လို့ တာဝန်ရှိသူတွေက ပြောဆိုပါတယ်။

Tank ထဲမှာ ဓာတ်ရောင်ခြည်ပမာဏ millisieverts 1800 အထိရှိတာဟာ ထိတွေ့မိသူကို ၄ နာရီအတွင်း သေစေနိုင်တဲ့ အခြေအနေမှာ ရှိတယ်လို့ တိုကျို လျှပ်စစ် စွမ်းအင်ကုမ္ပဏီ Tepco ကပြောဆိုပါတယ်။

သြဂုတ်လ ၂၂ ရက်နေ့က အဲဒီ ရေကန်မှာပဲ ဓာတ်ရောင်ခြည် ပမာဏ တနာရီ 100 millisieverts ရှိနေခဲ့ပြီး စနေနေ့က တိုင်းတာရရှိတဲ့ ပမာဏနဲ့ နှိုင်းယှဉ်ရင် ၁၀ ဆငယ်တဲ့အစိတ်အပိုင်းတစ်ခုလောက်သာရှိခဲ့တာဖြစ်ပါတယ်။ တခြား Tank နှစ်ခုကို ဆက်ထားတဲ့ ပိုက်လိုင်းတခုကလည်း ယိုစိမ့်နေတယ်လို့ Tepco တာဝန်ရှိသူတွေက ပြောပါတယ်။ ဒါပေမဲ့ Tank ထဲက ရေမျက်နှာပြင် ကတော့ အပြောင်းအလဲမရှိဘူးလို့ Tepco စွမ်းအင်ကုမ္ပဏီက ပြောပါတယ်။

ယိုစိမ့်မှုကို ပလတ်စတစ် tape နဲ့ ဖာထေးထားတယ်လို့ ပြင်သစ် သတင်းဌာနတခုက ဖော်ပြပါတယ်။ အရင်လထဲက Tank ထဲက ယိုစိမ့်ထွက်တဲ့ ရေတွေဟာ အဆိပ် ဓာတ်ပါဝင်မှုမြင့်ပြီး တန် ၃၀၀ လောက် ပမာဏရှိတဲ့ ရေတွေယိုစိမ့်ထွက်ခဲ့တာဖြစ်ပါတယ်။
XS
SM
MD
LG