ပါကစ္စတန်နိုင်ငံ ပန်ဂျပ်ပြည်နယ် အုပ်ချုပ်ရေးမှူး မနေ့တုန်းက လုပ်ကြံခံခဲ့ရပြီးတဲ့ နောက်ပိုင်း လာဟိုးမြို့မှာ လုံခြုံရေးတွေ အထူး တင်းကျပ်ထားပါတယ်။
ပန်ဂျပ်ပြည်နယ် အုပ်ချုပ်ရေးမှူး ဆလမန် တာစီးယား (Salman Taseer) ကို သူ့ရဲ့ ကိုယ်ရံတော်တဦးက မနေ့တုန်းက မြို့တော် အစ္စလမ္မာဘတ်မှာ လုပ်ကြံ သတ်ဖြတ်ခဲ့တာပါ။ သူ့ရဲ့ ဈာပနကိုလည်း မနေ့တုန်းကပဲ သူ့ရဲ့အိမ်မှာ နိုင်ငံတော် ဈာပနအဖြစ် ကျင်းပခဲ့ပါတယ်။
လာဟိုးမြို့ရဲ့ လမ်းမတွေနဲ့ မြို့ပတ်ဝန်းကျင် တ၀ိုက်မှာ ရဲတပ်ဖွဲ့တွေရဲ့ လုံခြုံရေး ကင်းလှည့်မှုတွေ ရှိနေပါတယ်။
ပြည်နယ်အုပ်ချုပ်ရေးမှူးဟာ အစ္စလမ်ဘာသာကို စော်ကား ပုတ်ခတ်သူတွေအတွက် အရေးယူဖို့ ချမှတ်ထားတဲ့ ဥပဒေတွေကို ဆန့်ကျင်တာကြောင့် အခုလို လုပ်ကြံရတာလို့ သူ့ရဲ သက်တော်စောင့်က ၀န်ခံပါတယ်။
အဲဒီဥပဒေတွေက နိုင်ငံတော်က ချမှတ် အတည်ပြု ပြဋ္ဌာန်းထားတဲ့ ဥပဒေတွေ မဟုတ်သေးဘဲ ပါကစ္စတန် လွှတ်တော်အတွင်း အခုချိန်ထိ အငြင်းပွားနေရတဲ့ ဥပဒေတွေ ဖြစ်ပါတယ်။
အခုလုပ်ကြံမှုမှာ သူတဦးတည်းလား၊ တခြား အဖွဲ့အစည်းတွေရော ပါဝင်နေသလား ဆိုတာကို စုံစမ်း စစ်ဆေးနေတယ်လို့ ပါကစ္စတန် ပြည်ထဲရေး ၀န်ကြီးက ပြောပါတယ်။
ပြည်နယ်အုပ်ချုပ်ရေးမှူး လုပ်ကြံခံရလို့ သေဆုံးတဲ့အတွက် ၀မ်းနည်းခြင်း အထိမ်းအမှတ် ၃ ရက်ထားပြီး ကျင်းပနေပါတယ်။