သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငွေလဲနှုန်း မပြိုင်ဆိုင်ဘဲ ဈေးကွက်ဖွင့်ထားဖို့ G-20 ဆုံးဖြတ်


နိုင်ငံတကာ ငွေကြေးရံပုံငွေအဖွဲ့ IMF ဦးဆောင်ညွှန်ကြားရေးမှူး Christine Lagarde
နိုင်ငံတကာ ငွေကြေးရံပုံငွေအဖွဲ့ IMF ဦးဆောင်ညွှန်ကြားရေးမှူး Christine Lagarde
ကမ္ဘာ့စက်မှုထိပ်သီး နိုင်ငံ ၂၀ ဖြစ်တဲ့ G-20 အဖွဲ့ရဲ့ ငွေလဲလှယ်နှုန်းတွေကို ယှဉ်ပြိုင်ဖို့အတွက် အဓိကရည်ရွယ် ဆောင်ရွက်တာမျိုး မလုပ်ဖို့ အဖွဲ့ရဲ့ဘဏ္ဏာရေး ခေါင်းဆောင်တွေက ဆုံးဖြတ်လိုက်ကြ ပါတယ်။ ငွေကြေးဈေးကွက်ကို ဆက်ပြီး ဖွင့်ထားဖို့နဲ့ အပြိုင်အဆိုင် ငွေတန်ဖိုးလျော့ချတာမျိုးတွေ မလုပ်ဖို့ ရုရှားနိုင်ငံ မော်စကိုမြို့မှာ ကျင်းပတဲ့ G-20 အဖွဲ့ဝင် နိုင်ငံတွေရဲ့ အစည်းအဝေးက စနေနေ့ကထုတ်ပြန်တဲ့ ပူးတွဲကျေညာချက်မှာ နိုင်ငံတကာ ငွေကြေးရံပုံငွေအဖွဲ့ IMF ဦးဆောင်ညွှန်ကြားရေးမှူး Christine Lagarde က ထပ်ပြီးဖော်ပြလိုက်တာဖြစ်ပါတယ်။

တချို့နိုင်ငံတွေဟာ စီးပွားရေး အကျိုးအမြတ်အတွက် ငွေကြေးတန်ဖိုးလျော့ချဖို့ ကြိုးစားမယ်ဆိုရင် သူတို့ရဲ့နဂိုကတည်းက ကျဆင်းနေတဲ့ စီးပွားရေး နာလန်ထူဖို့အရေးမှာ လမ်းလွဲသွားနိုင်တယ် လို့ နိုင်ငံရေးခေါင်းဆောင်တချို့နဲ့ ရင်းနှီးမြှုပ်နှံသူတွေက စိုးရိမ်ပူပန်တွေ ရှိနေကြပါတယ်။ နိုင်ငံရဲ့ စီးပွားရေး တိုးတက်ပြီး တခြားနိုင်ငံတွေထက် အသာစီးရအောင် တွန်းအားပေးနိုင်ဖို့ အတွက် ငွေတန်ဖိုး လျော့ချခဲ့တဲ့ ဂျပန်နိုင်ငံ မှာလည်း နောက်ဆက်တွဲ အကျိုးဆက်တွေနဲ့ ရင်ဆိုင်နေရတယ်လို့ ဆိုပါတယ်။

မကြာသေးခင်က ဗြိတိန်၊ ပြင်သစ်နဲ့ ဂျာမဏီနိုင်ငံတွေကလည်း ထိပ်သီးစီးပွားရေး ကုမ္ပဏီကြီးတွေ အခွန်အနည်းဆုံး ပေးဆောင်ဖို့ ကြိုးပမ်းနေတာတွေကို တားမြစ်ပြီး ထိုက်သင့်တဲ့ အခွန်ထမ်းဆောင်မှု ရှိဖို့ တွန်းအားပေးတဲ့ လုပ်ငန်းစဉ်သစ်ကို စတင်ခဲ့ပါတယ်။ ထိပ်တန်းစီးပွားရေး လုပ်ငန်းရှင်နိုင်ငံကြီးတွေမှာ အခွန်နည်း နိုင်သမျှနည်းအောင်ပေးဖို့ ကြိုးပမ်းမှုကို ဆန်းစစ်ခဲ့တဲ့ စီးပွားရေးကော်ပိုရေးရှင်းကြီးတွေနဲ့ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အဖွဲ့ OECD ရဲ့ လေ့လာမှုတွေပေါ် အခြေခံပြီး အဲဒီအစီအစဉ်သစ်ကို စတင် ဆောင်ရွက်ခဲ့တာလည်း ဖြစ်ပါတယ်။
XS
SM
MD
LG