သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့စီးပွားရေး ဆက်တိုးတက်အောင် G20 ကတိပြု


G20 ဘဏ္ဍာရေးဝန်ကြီးတွေနဲ့ ဗဟိုဘဏ်ဥက္ကဋ္ဌများ အစည်းအဝေးမှတ်တမ်း။
G20 ဘဏ္ဍာရေးဝန်ကြီးတွေနဲ့ ဗဟိုဘဏ်ဥက္ကဋ္ဌများ အစည်းအဝေးမှတ်တမ်း။

ကမ္ဘာ့စီးပွားရေးတိုးတက်နှုန်းဟာ ခန့်မှန်းထားတာထက် နှေးကွေးနေပေမဲ့ ကမ္ဘာတဝန်း စီးပွားရေးပြန်လည် တိုးတက်တဲ့ အရှိန်ကောင်းလာမယ်လို့ အခိုင်အမာ ယုံကြည်ကြောင်း G20 ဘဏ္ဍာရေးဝန်ကြီးတွေနဲ့ ဗဟိုဘဏ် ဥက္ကဋ္ဌတွေကပြောခဲ့ကြပါတယ်။

ကမ္ဘာ့ စီးပွားရေးမှာ ထိပ်တန်းရောက်နေတဲ့ နိုင်ငံပေါင်း ၂၀ က ဘဏ္ဍာရေးဝန်ကြီးတွေနဲ့ ဗဟိုဘဏ် ဥက္ကဋ္ဌတွေဟာ တူရကီနိုင်ငံ Ankara မြို့တော်မှာ ၂ ရက်ကြာတေ့ွဆုံ ဆွေးနွေးခဲ့ကြပြီးနောက် ပြန်လည် နာလန်ထူလာနေတဲ့ စီးပွားရေး ဆက်ပြီးတိုးတက်နေအောင် ပြတ်သားတဲ့ဆောင်ရွက်မှုတွေ လုပ်ပါမယ်လို့ ကတိပြုခဲ့ကြတာဖြစ်ပါတယ်။

တရုတ်နိုင်ငံ စီးပွားရေးအခြေအနေကြောင့်ရော၊ ပြီးခဲ့တဲ့လက တရုတ် ယွမ်ငွေကြေး ရုတ်တရက် ကျဆင်းသွားခဲ့တာကြောင့်ပါစိုးရိမ်ပြီး ကမ္ဘာ့ဘဏ္ဍာရေး ဈေးကွက်တွေ ကမောက်ကမဖြစ်နေတာ သီတင်းပတ်နဲ့ချီ ရှိနေပါပြီ။ ဒီလို အခြေအနေမှာပဲ ကုန်သွယ်ရေးမှာအသာရအောင် ကိုယ့်နိုင်ငံငွေတန်ဖိုးချတာမျိုး အပြင် ကိုယ်ကျိုးစီးပွားကာကွယ်တဲ့လုပ်ရပ်မှန်သမျှကို မလုပ်ပါဘူးလို့ G20 ဘဏ္ဍာရေးဝန်ကြီးတွေနဲ့ ဗဟိုဘဏ်ဥက္ကဋ္ဌတွေက ကတိပြုခဲ့ကြပါတယ်။

XS
SM
MD
LG