ကမ္ဘာ့ ငွေကြေးကျပ်အတည်းရဲ့ဆိုးကျိုးတွေကို ဆက်လက်ကိုင်တွယ်နေရတဲ့အချိန်မှာ ချမ်းသာတဲ့နိုင်ငံတွေနဲ့ ဖွံဖြိုးဆဲ ထိပ်ပိုင်းနိုင်ငံတွေက
ကမ္ဘာ့ခေါင်းဆောင်တွေဟာ ကနေဒါနိုင်ငံက ထိပ်သီးအစည်းအဝေးမှာ ဆွေးနွေးညှိနှိုင်းကြမှာ ဖြစ်ပါတယ်။
ခေါင်းဆောင်တွေက တိုရွန်တိုမြို့ မြောက်ပိုင်းက မူ့စ်ကိုးကား Muskoka ကန်ကြီးရဲ့ အပန်းဖြေစခန်းမှာ တွေ့ဆုံကြမှာပါ။ စက်မှုထိပ်သီး နိုင်ငံကြီး ၈ နိုင်ငံနဲ့ စီးပွါးရေး တက်သစ်စ ဖွံ့ဖြိုးဆဲနိုင်ငံတွေက ခေါင်းဆောင်တွေဟာ ဒီ ထိပ်သီး အစည်းအဝေးမှာ စက်မှု နိုင်ငံကြီးတွေနဲ့ ဖွံ့ဖြိုးဆဲနိုင်ငံတွေကြား ကမ္ဘာ့အတိုင်းအတာအရ စီးပွားရေးပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေကို ဆွေးနွေးကြမှာ ဖြစ်ပါတယ်။
အမေရိကန်သမ္မတ ဘာရက် အိုဘားမား၊ ဂျာမန်ဝန်ကြီးချုပ် အင်ဂျလာ မာကဲလ်နဲ့ ပြင်သစ် သမ္မတ နီကိုလာ့စ် ဆာကိုးဇီးတို့ အပါအ၀င် စက်မှု နိုင်ငံကြီး ၈ နိုင်ငံက ခေါင်းဆောင်တွေ တရားဝင် ဓာတ်ပုံအရိုက်ခံကြတဲ့ပွဲမှာ တစ်ဦးကိုတစ်ဦး နှုတ်ဆက်ကြ၊ နောက်ပြောင်နေကြတာကို တွေ့ရပါတယ်။
ကမ္ဘာ့စီးပွားရေးဟာ တစ်နိုင်ငံတည်းက ခွဲထွက်သွားလို့ မရလောက်အောင်ကို ချိတ်ဆက်ပတ်သက်နေပြီး ကမ္ဘာ့စီးပွားရေး ပြန်ကောင်းလာဖို့ နိုင်ငံတွေဟာ ညှိနှိုင်းအားထုတ်ကြရမှာကို မကြာမီက ဖြစ်ပွားခဲ့တဲ့ ငွေကြေးအကျပ်အတည်းက ပြသခဲ့ပါတယ်လို့ အမေရိကန်သမ္မတ ဘာရက် အိုဘားမားက သောကြာနေ့ စောစောပိုင်းမှာ ပြောခဲ့ပါတယ်။