သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သွင်းကုန်ခွန်ကောက်ခံမှုကြောင့် ကမ္ဘာ့ဖွံ့ဖြိုးရေး ထိခိုက်နိုင်


IMF အကြီးအကဲ Christine Lagarde နဲ့ အာဂျင်တီးနား ဘဏ္ဍာရေးဝန်ကြီးတို့ကို G-20 ထိပ်သီးဆွေးနွေးပွဲမှာ တွေ့ရစဉ်။ (ဇူလိုင် ၂၁၊ ၂၀၁၈)
IMF အကြီးအကဲ Christine Lagarde နဲ့ အာဂျင်တီးနား ဘဏ္ဍာရေးဝန်ကြီးတို့ကို G-20 ထိပ်သီးဆွေးနွေးပွဲမှာ တွေ့ရစဉ်။ (ဇူလိုင် ၂၁၊ ၂၀၁၈)

ကုန်သွယ်ရေးဆိုင်ရာ အခွန်အကောက်တွေ မကြာသေးခင်က တိုးမြှင့်ချမှတ် လာ တာဟာ ကမ္ဘာလုံးဆိုင်ရာ တိုးတက်မှုကို ထိခိုက်စေလိမ့်မယ်လို့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ IMF က ကမ္ဘာ့ခေါင်းဆောင်တွေကို သတိပေးလိုက်ပါတယ်။

တရုတ်နဲ့ အမေရိကန်ကြား ကုန်သွယ်ခွန်တွေ အပြန်အလှန်ချမှတ်ရာကနေ တင်းမာနေတဲ့အခြေအနေကို နောက်ထပ်အရှိန်မြှင့်မယ့် အလားအလာမျိုး သမ္မတ ဒေါ်နယ်လ်ဒ် ထရမ့်ပ်ကပြောအပြီး နောက်တရက်မှာပဲ IMF ရဲ့သတိပေးချက် ထွက်လာတာပါ။ လက်ရှိကြေညာထားပြီးသား ကုန်သွယ်ခွန်တွေကြောင့် ကမ္ဘာ လုံး ဆိုင်ရာ ကုန်သွယ်ရေးအပေါ် သက်ရောက်မှုတွေကို အသေးစိတ် aဖာ်ပြထားတဲ့ အစီရင်ခံစာတစောင်ကို အာဂျင်တီးနားနိုင်ငံ၊ Buenos Aires မြို့မှာ စည်းဝေးနေကြတဲ့ ကမ္ဘာ့စီးပွားရေး အင်အားကြီး နိုင်ငံ ၂၀- G20 က ဘဏ္ဍာရေး ဝန်ကြီးတွေနဲ့ ဗဟိုဘဏ်ဥက္ကဋ္ဌတွေကို တင်ပြမယ်လို့ IMF အကြီးအကဲ Christine Lagarde က ပြောပါတယ်။

ကမ္ဘာလုံးဆိုင်ရာ တိုးတက်မှုဟာ ၂၀၁၈ နဲ့ ၂၀၁၉ ခုနှစ်တွေမှာ ၃.၉% အထိ ရောက်ဖို့ရှိပြီး ကုန်သွယ်ရေး ဆိုင်ရာ ပဋိပက္ခတွေ တိုးလာတာကြောင့် ဆိုးကျိုး ဖြစ်စေမယ့် အန္တရာယ်တွေ တိုးလာတယ်လို့ G20 ဝန်ကြီးတွေ အတွက် ပြင်ဆင် ထားတဲ့ အစီရင်ခံစာ ထဲမှာ ဖော်ပြထားပါတယ်။

ကမ္ဘာပေါ်မှာ စီးပွားရေးအရ အင်အားအကြီးဆုံး အမေရိကန်နဲ့ ဒုတိယအင်အား အကြီးဆုံး တရုတ်တို့အကြား တနိုင်ငံချင်းရဲ့ ကုန်ပစ္စည်း ဒေါ်လာ ၃၄ ဘီလီယံ ဖိုးစီအပေါ် ကုန်သွယ်ခွန်တွေ အပြန်အလှန် တိုးမြှင့်ချမှတ်ကြ ပြီးတဲ့နောက် မကြာသေးခင် လတွေအတွင်း ကုန်သွယ်ရေးဆိုင်ရာ တင်းမာမှုတွေ တိုးမြင့် လာနေတာ ဖြစ်ပါတယ်။

သွင်းကုန်ခွန်ကောက်ခံမှုကြောင့် ကမ္ဘာ့ဖွံ့ဖြိုးရေး ထိခိုက်နိုင်
please wait

No media source currently available

0:00 0:00:49 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG