သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့စီးပွားရေးမှာ ပြုပြင်ပြောင်းလဲမှု လုပ်ဖို့ ပုပ်ရဟန်းမင်း တိုက်တွန်း


ကမ္ဘာ့စီးပွားရေးမှာ ပြုပြင်ပြောင်းလဲမှု လုပ်ဖို့ ပုပ်ရဟန်းမင်း တိုက်တွန်း

ကမ္ဘာ့စီးပွားရေးမှာ သိသာတဲ့ ပြုပြင်ပြောင်းလဲရေးတွေ လုပ်ဆောင်ဖို့ ပုပ်ရဟန်းမင်းကြီး ဘန်နဒစ် (Benedict) က တိုက်တွန်းလိုက်ပါတယ်။

ချမ်းသာကြွယ်ဝတဲ့ တိုင်းပြည်တွေ အနေနဲ့ ဘဏ္ဍာရေးနဲ့ ကုန်သွယ်မှုဆိုင်ရာ မဟာမိတ်တွေဖွဲ့ပြီး ဆင်းရဲတဲ့ တိုင်းပြည်တွေမှာ ဆိုးဆိုးရွားရွား အကျိုးဆက်တွေ ခံရမယ့် အရေးကို ရှောင်ရှားကြဖို့လည်း ပုပ်ရဟန်းမင်းကြီးက ပြောဆိုလိုက်တာပါ။

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်က စက်မှုထွန်းကားတဲ့ နိုင်ငံပေါင်း ၂၀ (G-20) အဖွဲ့ အစည်းအဝေးပွဲတွေ အပြီး ၂ ရက်အကြာ တနင်္ဂနွေနေ့တုန်းက စိန့်ပီတာ (St Peter) ရင်ပြင်မှာ ပုပ်ရဟန်းမင်းကြီးက ပြောဆိုလိုက်တာလည်း ဖြစ်ပါတယ်။

လက်ရှိ ကြုံတွေ့နေရတဲ့ ကမ္ဘာ့စီးပွားရေး အခြေအနေတွေကို တကယ့်ကို အလေးအနက်ထား ကိုင်တွယ်သွားရလိမ့်မယ်လို့လည်း ဆိုခဲ့တာပါ။

စိုက်ပျိုးရေး လုပ်ငန်းဟာ အနာဂတ်အတွက် မရှိမဖြစ်တဲ့ အရင်းအမြစ်တွေ ဖြစ်တာမို့ ဆင်းရဲတဲ့ တိုင်းပြည်တွေမှာ စိုက်ပျိုး မွေးမြူရေး လုပ်ငန်းကို မဟာဗျူဟာကျကျ ပြန်လည် အသက်သွင်းဖို့ ပုပ်ရဟန်းမင်းကြီးက တိုက်တွန်းလိုက်ပါတယ်။

ဖွံ့ဖြိုးတဲ့ တိုင်းပြည်တွေက များများထုတ်လုပ်၊ များများသုံးတဲ့ စားသုံးသူဝါဒလို လူမှုဘ၀ ပုံစံမျိုးတွေဟာ ရေရှည်မခံဘူး ဆိုပြီးတော့လည်း ပုပ်ရဟန်းမင်းကြီးက သတိပေးခဲ့ပါတယ်။

XS
SM
MD
LG