သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

၃ ရက္ၾကာ G-7 ထိပ္သီးစည္းေ၀းပြဲ စတင္


ဂ်ာမနီႏိုင္ငံမွာက်င္းပမယ့္  G-7 ထိပ္သီးအစည္းအေဝးတက္ဖို႔ အေမရိကန္သမၼတဂ်ဳိးဘုိင္ဒန္ ထြက္ခြါစဥ္။ (ဇြန္ ၂၅၊ ၂၀၂၂)  

[[Zawgyi/Unicode]]

ကမာၻ႔ အခ်မ္းသာဆုံး ဒီမိုကေရစီႏိုင္ငံ ေခါင္းေဆာင္ေတြရဲ႕ အစည္းအေဝးကို ဂ်ာမနီႏိုင္ငံက အိမ္ရွင္အျဖစ္ တနဂၤေႏြေန႔က စတင္ လက္ခံ က်င္းပေနပါတယ္။

Britain၊ Canada၊ ျပင္သစ္၊ Germany၊ Italy၊ Japan နဲ႔ အေမရိကန္ ျပည္ေထာင္စုတို႔က ေခါင္းေဆာင္ေတြဟာ ဂ်ာမနီႏိုင္ငံ၊ Bavaria ျပည္နယ္က ေတာင္တန္းၿမိဳ႕တၿမိဳ႕မွာ စည္းေဝးတိုင္ပင္ေနၾကတာ ျဖစ္ပါတယ္။ အစည္းအေဝးက ၃ ရက္ၾကာမွာပါ။ ဒီ အစည္းအေဝးမွာ ယူကရိန္းအေပၚ တညီတၫြတ္တည္း ေထာက္ခံတာကို ျပသၾကမယ္လို႔ ေမွ်ာ္လင့္ေၾကာင္း ႏိုင္ငံေရးသုံးသပ္သူေတြက ထင္ျမင္ၾကပါတယ္။

“ေနတိုးနဲ႔ ဂ်ီ ၇ ႏိုင္ငံေတြဟာ ပိုၿပီး စည္းလုံးညီၫြတ္လာတဲ့ သတင္းစကားသာ မဟုတ္ဘဲ ဆင္းရဲငတ္မြတ္မႈကို အတူတကြ တိုက္ခဲ့ၾကသလိုပဲ ကမာၻ႔ဒီမိုကေရစီ ႏိုင္ငံေတြဟာ ပူတင္ရဲ႕နယ္ခ်ဲ႕ဝါဒကို တိုက္ခိုက္ၾကမယ္ဆိုတဲ့ သတင္းစကားကိုလည္း ဒီ ထိပ္သီးညီလာခံက ေပးရပါမယ္” လို႔ ဂ်ာမန္ဝန္ႀကီးခ်ဳပ္ Olaf Scholz က ဂ်ာမန္လႊတ္ေတာ္ကို မၾကာခင္က ေျပာခဲ့ပါတယ္။

ဒီ ထိပ္သီးညီလာခံ ၿပီးတဲ့ေနာက္ ဂ်ီ 7 ေခါင္းေဆာင္ေတြဟာ စပိန္ ႏိုင္ငံ Madrid ၿမိဳ႕မွာ က်င္းပမယ့္ ေနတိုးအစည္းအေဝးကို တက္ေရာက္ၾကမွာ ျဖစ္ပါတယ္။

#G-7ဂ်ာမနီ #ေနတိုးအစည္းအေဝး #ယူကရိန္းအေရး #႐ုရွားက်ဴးေက်ာ္စစ္ #ဗီြအိုေအ
===========

[[Unicode]]

၃ ရက်ကြာ G-7 ထိပ်သီးစည်းဝေးပွဲ စတင်ကမ္ဘာ့ အချမ်းသာဆုံး ဒီမိုကရေစီနိုင်ငံ ခေါင်းဆောင်တွေရဲ့ အစည်းအဝေးကို ဂျာမနီနိုင်ငံက အိမ်ရှင်အဖြစ် တနင်္ဂနွေနေ့က စတင် လက်ခံ ကျင်းပနေပါတယ်။

Britain၊ Canada၊ ပြင်သစ်၊ Germany၊ Italy၊ Japan နဲ့ အမေရိကန် ပြည်ထောင်စုတို့က ခေါင်းဆောင်တွေဟာ ဂျာမနီနိုင်ငံ၊ Bavaria ပြည်နယ်က တောင်တန်းမြို့တမြို့မှာ စည်းဝေးတိုင်ပင်နေကြတာ ဖြစ်ပါတယ်။ အစည်းအဝေးက ၃ ရက်ကြာမှာပါ။ ဒီ အစည်းအဝေးမှာ ယူကရိန်းအပေါ် တညီတညွတ်တည်း ထောက်ခံတာကို ပြသကြမယ်လို့ မျှော်လင့်ကြောင်း နိုင်ငံရေးသုံးသပ်သူတွေက ထင်မြင်ကြပါတယ်။

“နေတိုးနဲ့ ဂျီ ၇ နိုင်ငံတွေဟာ ပိုပြီး စည်းလုံးညီညွတ်လာတဲ့ သတင်းစကားသာ မဟုတ်ဘဲ ဆင်းရဲငတ်မွတ်မှုကို အတူတကွ တိုက်ခဲ့ကြသလိုပဲ ကမ္ဘာ့ဒီမိုကရေစီ နိုင်ငံတွေဟာ ပူတင်ရဲ့နယ်ချဲ့ဝါဒကို တိုက်ခိုက်ကြမယ်ဆိုတဲ့ သတင်းစကားကိုလည်း ဒီ ထိပ်သီးညီလာခံက ပေးရပါမယ်” လို့ ဂျာမန်ဝန်ကြီးချုပ် Olaf Scholz က ဂျာမန်လွှတ်တော်ကို မကြာခင်က ပြောခဲ့ပါတယ်။

ဒီ ထိပ်သီးညီလာခံ ပြီးတဲ့နောက် ဂျီ 7 ခေါင်းဆောင်တွေဟာ စပိန် နိုင်ငံ Madrid မြို့မှာ ကျင်းပမယ့် နေတိုးအစည်းအဝေးကို တက်ရောက်ကြမှာ ဖြစ်ပါတယ်။

#G-7ဂျာမနီ #နေတိုးအစည်းအဝေး #ယူကရိန်းအရေး #ရုရှားကျူးကျော်စစ် #ဗွီအိုအေ

XS
SM
MD
LG