သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အပစ်ရပ်သဘောတူချက် လိုက်နာမှ Russia အပေါ် ဒဏ်ခတ်မှုလျှော့မယ်


Germany G-7
Germany G-7

ယူကရိန်းနိုင်ငံ အရှေ့ပိုင်းမှာ ရုရှားလိုလားတဲ့ ခွဲထွက်ရေးသမားတွေနဲ့ ယူကရိန်းအစိုးရတပ်ဖွဲ့တွေအကြား ဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေ အဆုံးသတ်ရေးအတွက် ရရှိထားတဲ့ ခိုင်မာမှု မရှိတဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်ကို ရုရှားဘက်က အပြည့်အဝ အကောင်အထည်ဖော်ဆောင်မှသာ ရုရှားနိုင်ငံအပေါ် ချမှတ်ထားတဲ့ စီးပွားရေးဆိုင်ရာ ပိတ်ဆို့ အရေးယူမှုတွေကို လျှော့ချပေးသင့်တယ်လို့ အမေရိကန်သမ္မတ Barack Obama နဲ့ ဂျာမန်ဝန်ကြီးချုပ် Angela Markel တို့က ပြောပါတယ်။

G7 စက်မှုဖွံ့ဖြိုးတိုးတက်တဲ့ ၇ နိုင်ငံရဲ့ ထိပ်သီး စည်းဝေးပွဲမတိုင်ခင် အမေရိကန်နဲ့ ဂျာမန်ခေါင်းဆောင်တွေဟာ ဂျာမနီနိုင်ငံ၊ Bavarian တောင်တန်း ဒေသမှာ တွေ့ဆုံခဲ့တာပါ။ ယူကရိန်းနိုင်ငံက Crimea ဒေသကို ရုရှားက သိမ်းပိုက်လိုက်တဲ့အတွက် ရုရှားသမ္မတ Vladimir Putin ဟာ ဒုတိယနှစ်အဖြစ်နဲ့ ဒီ ထိပ်သီးစည်းဝေးပွဲကို တက်ရောက်ဖို့ ဖိတ်ကြားခံရခြင်း မရှိပါဘူး။

ရုရှားအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့ အရေးယူမှုတွေ ဘယ်လောက်အထိ ကြာသင့်တယ်ဆိုတာဟာ ဖေဖော်ဝါရီလတုန်းက ရရှိခဲ့တဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်နဲ့ ယူကရိန်းနိုင်ငံရဲ့ အချုပ်အချာ အာဏာပိုင်ဆိုင်ခွင့်ကို ဘယ်လောက်အထိ လေးစား လိုက်နာသလဲဆိုတဲ့ အချက်တွေနဲ့ တိုက်ရိုက်သက်ဆိုင်နေတယ်လို့ အမေရိကန်နဲ့ ဂျာမန်ခေါင်းဆောင်တွေ သဘောတူခဲ့ကြတယ်လို့ အမေရိကန် သမ္မတ အိမ်ဖြူတော်က ပြောပါတယ်။

ရုရှားက ယူကရိန်းအပေါ် ပြုမူ ဆက်ဆံနေတဲ့ လုပ်ရပ်တွေကြောင့် ရုရှားအနေနဲ့ တန်ဖိုးရှိတဲ့ G7 အသိုင်းနဲ့ ဝေးရာမှာ နေသင့်ကြောင်း၊ အခုချိန်မှာ အတားအဆီး တခုရှိနေပြီး အဲဒါကို ဘယ်လို ကျော်လွားရမယ်ဆိုတာကို သူ့အနေနဲ့ မမြင်နိုင်သေးကြောင်း ဂျာမန် ဝန်ကြီးချုပ် Angela Markel က ဂျာမနီက ARD အသံလွှင့်ဌာနကို ပြောကြားခဲ့ပါတယ်။

XS
SM
MD
LG