သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စီးပွားရေးဖွံ့ဖြိုးမှုအတွက် G-8 ခေါင်းဆောင်တွေ ကြိုးပမ်း


စီးပွားဖွံ့ဖြိုးရေးနဲ့ အလုပ်အကိုင်တွေ ပေါများလာရေး ကိစ္စရပ်ဟာ သူတို့ အရေးတကြီး လုပ်ဆောင်ရမယ့်ကိစ္စရပ် ဖြစ်တယ်လို့ G-8 စက်မှုထိပ်သီး ၈ နိုင်ငံ ခေါင်းဆောင်တွေက ပြောလိုက်ပါတယ်။ ဥရောပအကြွေးပြဿနာတွေ ရင်ဆိုင်နေရချိန်မှာပဲ ဥရောပ စီးပွားရေး ပြန်လည် တိုးတက်ကောင်းမွန်လာဖို့ ခေါင်းဆောင်တွေက ကြိုးပမ်းနေကြတာပါ။

စနေနေ့က ထုတ်ပြန်လိုက်တဲ့ G-8 ကြညာချက်ထဲမှာ ဂရိနိုင်ငံအနေနဲ့ ယူရိုဇုံထဲမှာ ဆက်နေပြီး၊ ပေးထားတဲ့ ကတိကဝတ်အတိုင်း ဆောင်ရွက်သွားဖို့ လိုလားတယ်လို့ G-8 ခေါင်းဆောင်တွေက ထုတ်ဖော်ပြောပါတယ်။ အကြွေးတွေ တင်နေတဲ့ ဂရိနိုင်ငံဟာ ဥရောပရဲ့ ခြိုးခြံချွေတာရေး အစီအစဉ်ကို ရှောင်ဖို့ဆိုရင် ယူရိုဇုံထဲ ပါဝင်နေမှုကို စွန့်လွှတ်ရမယ့် အနေအထားရှိပါတယ်။ ဒါမှမဟုတ် သူလုပ်ဆောင်ရမယ့် ကတိကဝတ်တွေ ဆောင်ရွက်ဖို့ ဖိအားပေးခံရမယ့်သဘော ရှိပါတယ်။

ဝါရှင်တန်ဒီစီအနီး သမ္မတရဲ့ ဒေးဗစ် အပန်းဖြေစခန်းမှာ နှစ်စဉ်ပြုလုပ်နေကျ G-8 ထိပ်သီးဆွေးနွေးပွဲ ဒုတိယနေ့အဖြစ် ကျင်းပရာမှာတော့ ဥရောပမှာ ကြုံနေရတဲ့ စီးပွားရေးအကျပ်အတည်း ကိစ္စတွေကို G-8 ခေါင်းဆောင်တွေ အဓိက အာရုံစိုက် ဆွေးနွေးခဲ့ကြပါတယ်။ စနေနေ့ တရားဝင်ကြေညာချက် ထုတ်ပြန်ရာမှာတော့ စီးပွားရေး ပြန်လည်ကောင်းမွန်လာဖို့နဲ့ ငွေကြေးဆိုင်ရာ ဖိစီးမှုတွေကို လျှော့ချသွားဖို့ လိုအပ်တဲ့ လုပ်ဆောင်စရာတွေကို ဆောင်ရွက်သွားမယ်လို့ တတ်ရောက်လာသူတွေက ကတိကဝတ် ပြုခဲ့ကြပါတယ်။

XS
SM
MD
LG