သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကန္နဲ႔တ႐ုတ္ သမၼတႏွစ္ဦး ဘာလီမွာ သီးျခားေတြ႕ဆုံ ေဆြးေႏြး


အေမရိကန္သမၼတ Joe Biden (ယာ ) နဲ႔ တ႐ုတ္သမၼတ Xi Jinping (ဝဲ) တို႔ အင္ဒိုနီးရွားႏုိင္ငံ၊ ဘာလီၿမိဳ႕ မွာက်င္းပေနတဲ့ G-20 ထိပ္သီးညီလာခံျပင္ပ ေတြ႔ဆံုေဆြးေႏြးစဥ္။ (ႏိုဝ့င္ဘာ ၁၄၊ ၂၀၂၂)

[[Zawgyi/Unicode]]

အေမရိကန္နဲ႔တ႐ုတ္တို႔ အျပန္အလွန္ ပူးေပါင္းေဆာင္႐ြက္ၾကဖို႔ အေမရိကန္သမၼတ ဂ်ိဳးဘိုင္ဒန္က တ႐ုတ္သမၼရွီက်င္းပင္ကို အင္ဒိုနီးရွားႏိုင္ငံမွာ က်င္းပေနတဲ့ စီးပြါးထိပ္သီးႏိုင္ငံ ၂၀ ညီလာခံရဲ႕ ျပင္ပေဘးပန္း အစည္းအေဝးမွာ တိုက္တြန္းလိုက္ၿပီး တ႐ုတ္တႏိုင္ငံတည္းမူဝါဒကို ထပ္မံအတည္ျပဳသလို ထိုင္ဝမ္ မူဝါဒကလည္း အေျပာင္းအလဲမရွိပါဘူးလို႔ ဒီကေန႔ အစည္းအေဝးအၿပီးမွာ ေျပာပါတယ္။

“ရာသီဥတုအေျပာင္းအလဲကေန စားနပ္ရိကၡာအခက္အခဲ ႀကဳံၾကတာအထိ ကမာၻလုံးဆိုင္ရာ စိန္ေခၚခ်က္ေတြကိုရင္ဆိုင္ရာမွာ တ႐ုတ္နဲ႔ ေမရိကန္တို႔ဟာ အေရးႀကီးတဲ့အခန္းက႑ ရွိၾကတယ္လို႔ က်ေနာ္ယုံပါတယ္။ အလုပ္အတူလုပ္ၾကဖို႔ ႏွစ္ႏိုင္ငံလုံးအတြက္ ေသာ့ခ်က္က်ပါတယ္။ တကယ္လို႔ တ႐ုတ္ကသာ ဆႏၵရွိတယ္ဆိုရင္ အဲဒီလို အလုပ္လုပ္ဖို႔ အေမရိကန္က အသင့္ရွိပါတယ္” လို႔ ေျပာသြားခဲ့တာပါ။ ထိုင္ဝမ္နဲ႔ဆက္ႏြယ္ၿပီးျဖစ္ေပၚေနတဲ့ တ႐ုတ္နဲ႔ဆက္ဆံေရးတင္းမာမႈကိုလည္း စစ္ေအးတိုက္ပြဲအသစ္အျဖစ္ သူ မယူဆဘူးလို႔ သတင္းေထာက္ေတြရဲ႕ အေမးကို ေျဖသြားပါတယ္။

ႏွစ္ႏိုင္ငံကိုယ္စားလွယ္အဖြဲ႕မွာ ႏိုင္ငံျခား‌ေရးဝန္ႀကီးေတြျဖစ္ၾကတဲ့ အန္တိုနီ ဘလင္ကန္နဲ႔ ဝမ္ယီတို႔လည္း ပါဝင္ၾကပါတယ္။ အစည္းအေဝးမစမီ ေတြ႕ဆုံၾကရာမွာ အေမရိကန္သမၼတဘိုင္ဒန္က သူေရာ တ႐ုတ္သမၼတရွီက်င္းပင္ပါ ဒုတိယသမၼတ ျဖစ္ၾကစဥ္ ေတြ႕ဆုံ၊ အလုပ္လုပ္ခဲ့ၾကတာကို အမွတ္တရ ျပန္ေျပာခဲ့ပါတယ္။ သူနဲ႔ရွီက်င္းပင္ၾကားမွာ ပုဂၢိဳလ္ေရး ဆက္သြယ္ေရးလမ္းေၾကာင္းဖြင့္ဖို႔လည္း သူ႔ဘက္က ပိုင္းျဖတ္ထားေၾကာင္း ေျပာၾကားခဲ့ပါတယ္။

တ႐ုတ္နဲ႔အေမရိကန္ၾကား ပဋိပကၡအျဖစ္မခံၾကဘဲ မတူကြဲျပားတာေတြကို စီမံခန႔္ခြဲႏိုင္မယ္လို႔ ယုံၾကည္ေၾကာင္းလည္း သမၼတဘိုင္ဒန္က ရွီက်င္းပင္ကို ေျပာပါတယ္။ ကမာၻလုံးဆိုင္ရာစိန္ေခၚခ်က္ေတြကို အျပန္အလွန္ ပူးေပါင္းေဆာင္႐ြက္ဖို႔လည္း သူက ေျပာသြားခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

===============

[[Unicode]]

ကန်နဲ့တရုတ် သမ္မတနှစ်ဦး ဘာလီမှာ သီးခြားတွေ့ဆုံ ဆွေးနွေး


အမေရိကန်နဲ့တရုတ်တို့ အပြန်အလှန် ပူးပေါင်းဆောင်ရွက်ကြဖို့ အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်က တရုတ်သမ္မရှီကျင်းပင်ကို အင်ဒိုနီးရှားနိုင်ငံမှာ ကျင်းပနေတဲ့ စီးပွါးထိပ်သီးနိုင်ငံ ၂၀ ညီလာခံရဲ့ ပြင်ပဘေးပန်း အစည်းအဝေးမှာ တိုက်တွန်းလိုက်ပြီး တရုတ်တနိုင်ငံတည်းမူဝါဒကို ထပ်မံအတည်ပြုသလို ထိုင်ဝမ် မူဝါဒကလည်း အပြောင်းအလဲမရှိပါဘူးလို့ ဒီကနေ့ အစည်းအဝေးအပြီးမှာ ပြောပါတယ်။

“ရာသီဥတုအပြောင်းအလဲကနေ စားနပ်ရိက္ခာအခက်အခဲ ကြုံကြတာအထိ ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်ချက်တွေကိုရင်ဆိုင်ရာမှာ တရုတ်နဲ့ မေရိကန်တို့ဟာ အရေးကြီးတဲ့အခန်းကဏ္ဍ ရှိကြတယ်လို့ ကျနော်ယုံပါတယ်။ အလုပ်အတူလုပ်ကြဖို့ နှစ်နိုင်ငံလုံးအတွက် သော့ချက်ကျပါတယ်။ တကယ်လို့ တရုတ်ကသာ ဆန္ဒရှိတယ်ဆိုရင် အဲဒီလို အလုပ်လုပ်ဖို့ အမေရိကန်က အသင့်ရှိပါတယ်” လို့ ပြောသွားခဲ့တာပါ။ ထိုင်ဝမ်နဲ့ဆက်နွယ်ပြီးဖြစ်ပေါ်နေတဲ့ တရုတ်နဲ့ဆက်ဆံရေးတင်းမာမှုကိုလည်း စစ်အေးတိုက်ပွဲအသစ်အဖြစ် သူ မယူဆဘူးလို့ သတင်းထောက်တွေရဲ့ အမေးကို ဖြေသွားပါတယ်။

နှစ်နိုင်ငံကိုယ်စားလှယ်အဖွဲ့မှာ နိုင်ငံခြား‌ရေးဝန်ကြီးတွေဖြစ်ကြတဲ့ အန်တိုနီ ဘလင်ကန်နဲ့ ဝမ်ယီတို့လည်း ပါဝင်ကြပါတယ်။ အစည်းအဝေးမစမီ တွေ့ဆုံကြရာမှာ အမေရိကန်သမ္မတဘိုင်ဒန်က သူရော တရုတ်သမ္မတရှီကျင်းပင်ပါ ဒုတိယသမ္မတ ဖြစ်ကြစဉ် တွေ့ဆုံ၊ အလုပ်လုပ်ခဲ့ကြတာကို အမှတ်တရ ပြန်ပြောခဲ့ပါတယ်။ သူနဲ့ရှီကျင်းပင်ကြားမှာ ပုဂ္ဂိုလ်ရေး ဆက်သွယ်ရေးလမ်းကြောင်းဖွင့်ဖို့လည်း သူ့ဘက်က ပိုင်းဖြတ်ထားကြောင်း ပြောကြားခဲ့ပါတယ်။

တရုတ်နဲ့အမေရိကန်ကြား ပဋိပက္ခအဖြစ်မခံကြဘဲ မတူကွဲပြားတာတွေကို စီမံခန့်ခွဲနိုင်မယ်လို့ ယုံကြည်ကြောင်းလည်း သမ္မတဘိုင်ဒန်က ရှီကျင်းပင်ကို ပြောပါတယ်။ ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်ချက်တွေကို အပြန်အလှန် ပူးပေါင်းဆောင်ရွက်ဖို့လည်း သူက ပြောသွားခဲ့ပါတယ်။

XS
SM
MD
LG