သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

႐ုရွားတပ္ေတြႁခြင္းခ်က္မရွိ ျပန္႐ုပ္ဖို႔ G20 ေတာင္းဆို 


Indonesia G20

[[Zawgyi/Unicode]]

G20 စီးပြားအင္အားႀကီးႏိုင္ငံမ်ားေခါင္းေဆာင္ေတြက ယူကရိန္းမွာျဖစ္တဲ့ ႐ုရွားက်ဴးေက်ာ္စစ္ကို ျပင္းျပင္းထန္ထန္ေဝဖန္လိုက္ၿပီး ႐ုရွားတပ္ေတြ ႁခြင္းခ်က္မရွိ ျပန္႐ုပ္ဖို႔ ႏွစ္ရက္ၾကာ G20 ထိပ္သီးညီလာခံအၿပီး ေၾကညာခ်က္ထဲ ေတာင္းဆိုထားပါတယ္။

အင္ဒိုနီးရွား ဘာလီကြၽန္းမွာလုပ္တဲ့ အဲဒီ G20 ထိပ္သီးညီလာခံအတြင္း ယူကရိန္းစစ္ပြဲဟာ ေခါင္းေဆာင္ေတြၾကား အထူးအေရးထား ေဆြးေႏြးစရာျဖစ္ခဲ့တာပါ။ ယူကရိန္းစစ္နဲ႔ပတ္သက္လို႔ တ႐ုတ္ႏိုင္ငံအေနနဲ႔ အဓိက ၾကားဝင္ညႇိႏႈိင္းေပးဖို႔ ေမွ်ာ္လင့္တယ္လို႔ ျပင္သစ္သမၼတက ေျပာခဲ့ပါတယ္။ ႏိုင္ငံတကာအေနနဲ႔ ယူကရိန္းကို ေထာက္ခံကူညီၾကဖို႔နဲ႔ ႐ုရွားက ယူကရိန္းကို ဒုံးလက္နက္ေတြနဲ႔ အဆက္မျပတ္တိုက္ခိုက္ေနတယ္ဆိုတာကို သေဘာေပါက္နားလည္ေစခ်င္တယ္လို႔ အေမရိကန္ ဘ႑ာေရးဝန္ႀကီး Janet Yellen က ေျပာခဲ့ပါတယ္။

ယူကရိန္းသမၼတ Zelenskyy ကေတာ့ အခ်က္ ၁၀ ခ်က္ပါ ၿငိမ္းခ်မ္းေရးအဆိုျပဳခ်က္ကို အတည္ျပဳေပးဖို႔ G20 ေခါင္းေဆာင္ေတြကို အေစာပိုင္းက တိုက္တြန္းခဲ့တာပါ။ ႐ုရွားသမၼတပူတင္အစား ႐ုရွားကိုယ္စားလွယ္အဖြဲ႕ကို ဦးေဆာင္တဲ့ ႐ုရွားႏိုင္ငံျခားေရးဝန္ႀကီး Sergei Lavrov ကေတာ့ အခုညီလာခံကို ႏိုင္ငံေရးအရ သက္သက္အသုံးခ်တယ္ဆိုၿပီး G20 ထုတ္ျပန္ခ်က္ကို ေဝဖန္ရႈတ္ခ်ပါတယ္။

G20 ညီလာခံမွာ ႐ုရွား-ယူကရိန္းအေရးအျပင္ အျခားကိစၥေတြမွာေတာ့ ကမာၻ႔ေငြေၾကးစနစ္တည္ၿငိမ္ေရးအတြက္ ကမာၻ႔ႏိုင္ငံႀကီးေတြအေနနဲ႔ အတိုးႏႈန္းျမႇင့္တင္မႈကို သတိႀကီးႀကီးထားေဆာင္႐ြက္ဖို႔ သေဘာတူခဲ့ၾကသလို ကမာ႔ၻဥတုရာသီေဖာက္ျပန္မႈ ထိန္းသိမ္းေရးေဆာင္႐ြက္ဖို႔ကိုလည္း သေဘာတူခဲ့ၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

===================

[[Unicode]]

ရုရှားတပ်တွေခြွင်းချက်မရှိ ပြန်ရုပ်ဖို့ G20 တောင်းဆို

G20 စီးပွားအင်အားကြီးနိုင်ငံများခေါင်းဆောင်တွေက ယူကရိန်းမှာဖြစ်တဲ့ ရုရှားကျူးကျော်စစ်ကို ပြင်းပြင်းထန်ထန်ဝေဖန်လိုက်ပြီး ရုရှားတပ်တွေ ခြွင်းချက်မရှိ ပြန်ရုပ်ဖို့ နှစ်ရက်ကြာ G20 ထိပ်သီးညီလာခံအပြီး ကြေညာချက်ထဲ တောင်းဆိုထားပါတယ်။

အင်ဒိုနီးရှား ဘာလီကျွန်းမှာလုပ်တဲ့ အဲဒီ G20 ထိပ်သီးညီလာခံအတွင်း ယူကရိန်းစစ်ပွဲဟာ ခေါင်းဆောင်တွေကြား အထူးအရေးထား ဆွေးနွေးစရာဖြစ်ခဲ့တာပါ။ ယူကရိန်းစစ်နဲ့ပတ်သက်လို့ တရုတ်နိုင်ငံအနေနဲ့ အဓိက ကြားဝင်ညှိနှိုင်းပေးဖို့ မျှော်လင့်တယ်လို့ ပြင်သစ်သမ္မတက ပြောခဲ့ပါတယ်။ နိုင်ငံတကာအနေနဲ့ ယူကရိန်းကို ထောက်ခံကူညီကြဖို့နဲ့ ရုရှားက ယူကရိန်းကို ဒုံးလက်နက်တွေနဲ့ အဆက်မပြတ်တိုက်ခိုက်နေတယ်ဆိုတာကို သဘောပေါက်နားလည်စေချင်တယ်လို့ အမေရိကန် ဘဏ္ဍာရေးဝန်ကြီး Janet Yellen က ပြောခဲ့ပါတယ်။

ယူကရိန်းသမ္မတ Zelenskyy ကတော့ အချက် ၁၀ ချက်ပါ ငြိမ်းချမ်းရေးအဆိုပြုချက်ကို အတည်ပြုပေးဖို့ G20 ခေါင်းဆောင်တွေကို အစောပိုင်းက တိုက်တွန်းခဲ့တာပါ။ ရုရှားသမ္မတပူတင်အစား ရုရှားကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်တဲ့ ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergei Lavrov ကတော့ အခုညီလာခံကို နိုင်ငံရေးအရ သက်သက်အသုံးချတယ်ဆိုပြီး G20 ထုတ်ပြန်ချက်ကို ဝေဖန်ရှုတ်ချပါတယ်။

G20 ညီလာခံမှာ ရုရှား-ယူကရိန်းအရေးအပြင် အခြားကိစ္စတွေမှာတော့ ကမ္ဘာ့ငွေကြေးစနစ်တည်ငြိမ်ရေးအတွက် ကမ္ဘာ့နိုင်ငံကြီးတွေအနေနဲ့ အတိုးနှုန်းမြှင့်တင်မှုကို သတိကြီးကြီးထားဆောင်ရွက်ဖို့ သဘောတူခဲ့ကြသလို ကမာ့္ဘဥတုရာသီဖောက်ပြန်မှု ထိန်းသိမ်းရေးဆောင်ရွက်ဖို့ကိုလည်း သဘောတူခဲ့ကြပါတယ်။

XS
SM
MD
LG