သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စက်မှုဖွံ့ဖြိုးနိုင်ငံ အစည်းအဝေး ကနေဒါမှာ စတင်

ကမ္ဘာ့ စက်မှုထိပ်သီး နိုင်ငံတွေနဲ့ ထိပ်တန်း ဖွံ့ဖြိုးဆဲနိုင်ငံတွေ ပါဝင်တဲ့ G-20 ထိပ်သီးခေါင်းဆောင်တွေဟာ ကနေဒါနိုင်ငံ၊ တိုရွန်တိုမြို့မှာ ရောက်နေကြပြီးတော့ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး နာလန်ထမှု အရှိန်ကောင်းကောင်း မရသေးတာကို ဘယ်လို ဆက်ပြီး ဆောင်ရွက်ကြမလဲဆိုတာ ဆွေးနွေးနေကြပါတယ်။

အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) အပါအဝင် ချမ်းသာတဲ့ အဓိကနိုင်ငံကြီးတွေနဲ့ ထိပ်တန်း ဖွံ့ဖြိုးဆဲနိုင်ငံတွေက ခေါင်းဆောင်တွေဟာ နိုင်ငံ ၂၀ အဖွဲ့၊ G-20 ထိပ်သီးအစည်းအဝေးကို ဒီကနေ့ တနင်္ဂနွေနေ့ မနက်ပိုင်းမှာ စတင်လိုက်ကြပါတယ်။ ထိပ်သီး အစည်းအဝေး တရားဝင်ဖွင့်ပွဲ မတိုင်ခင်မှာ မစ္စတာအိုဘားမားဟာ အင်ဒိုနီးရှားသမ္မတ ဆူဆီလို ဘမ်ဘန်း ယူဒိုယိုနို (Susilo Bambang Yudhoyono) နဲ့ မနက်စာစားရင်း ဆွေးနွေးပြောဆိုခဲ့ပါတယ်။

တနင်္ဂနွေနေ့ ထိပ်သီးအစည်းအဝေးအတွက် ကြိုတင် ပြင်ဆင်ထားတဲ့ ကြေညာချက်မူကြမ်း တခုထဲမှာ စီးပွားရေး ပြန်ပြီး နာလန်ထူအောင် ကြိုးပမ်းကြတာမှာ စက်မှုထိပ်သီး ၈ နိုင်ငံနဲ့ ဖွံ့ဖြိုးတိုးတက်လာနေတဲ့ နိုင်ငံတွေမှာ ရလဒ်ကောင်းတွေ ရလာနေပြီ ဖြစ်ပေမဲ့ အလေးအနက် ထားရမယ့် စိန်ခေါ်မှုတွေ ရှိနေတုန်းပဲလို့ ဖော်ပြထားပါတယ်။

နိုင်ငံအများအပြားမှာ အလုပ်လက်မဲ့ အရေအတွက်ဟာ လက်ခံနိုင်ဖွယ်မရှိတဲ့ အခြေအနေမှာ ရောက်နေတာနဲ့အတူ စီးပွားရေး ပြန်လည်နာလန်ထူမှုဟာ မညီမမျှနဲ့ ပျက်စီးလွယ်နေသေးတယ်လို့ G-20 ခေါင်းဆောင်တွေက ပြောပါတယ်။

This item is part of
XS
SM
MD
LG