သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ယူကရိန္းအေရးေၾကာင့္ G20 အဖဲြ႕၀င္ေတြၾကား သေဘာထားကဲြျပား


Indonesia G20

ကမၻာ့ စီးပြားေရးအင္အားႀကီး ႏိုင္ငံေပါင္း ၂၀ G-20 ထိပ္သီးညီလာခံကို အဂၤါေန႔က အင္ဒိုနီးရွားႏိုင္ငံ ဘာလီကၽြန္းမွာ စတင္ က်င္းပရာမွာ၊ ယူကရိန္းစစ္ေၾကာင့္ သေဘာထား ကဲြျပားမႈေတြလည္း ၾကံဳေနရပါတယ္။

G-20 ေခါင္းေဆာင္ေတြ အေနနဲ႔ ေၾကညာခ်က္တေစာင္ ထုတ္ျပန္ဖို႔ ျပင္ဆင္ေနၿပီး အဖြဲ႔ဝင္အမ်ားစုက ႐ုရွားက်ဴးေက်ာ္စစ္အေပၚ အျပင္းအထန္ ရႈတ္ခ်ဖို႔ လိုလားေနတယ္လို႔ အေမရိကန္အစိုးရ အဆင့္ျမင့္အရာရွိတဦးက အဂၤါေန႔မနက္ သတင္းေထာက္ေတြကို ေျပာပါတယ္။ ကမၻာေပၚမွာ ႀကီးမားတဲ့ စီးပြားေရးဆိုးက်ဳိးေတြနဲ႔ လူသားခ်င္းစာနာမႈ ေဘးဒုကၡပါ ၾကဳံလာရတာဟာ ႐ုရွားရဲ႕ က်ဴးေက်ာ္စစ္ေၾကာင့္ ျဖစ္တယ္ဆိုတာကို G-20 ႏိုင္ငံအမ်ားစုက ျပတ္ျပတ္သားသား ေျပာလို ၾကတယ္လို႔ အမည္မေဖၚလိုတဲ့ အဲဒီ အေမရိကန္အရာရွိက ေျပာပါတယ္။

G-20 ထိပ္သီးေဆြးေႏြးပဲြ အဆုံးသတ္ခ်ိန္ ဒီသီတင္းပတ္ေႏွာင္းပိုင္းမွာ ထုတ္ျပန္မယ့္ ေၾကညာခ်က္မွာ G-20 အဖြဲ႔ဝင္ျဖစ္တဲ့ ႐ုရွားကို အထီးက်န္ေအာင္လုပ္ဖို႔ ရည္ရြားထားတယ္လို႔လည္း ေျပာပါတယ္။ ဒါေပမဲ့ ဒီေၾကညာခ်က္မွာ ဘယ္ႏွစ္ႏိုင္ငံက လက္မွတ္ထိုးၾကမယ္ ဆိုတာကေတာ့ ရွင္းရွင္းလင္းလင္း မသိရ ေသးပါဘူး။ ကမၻာ့ စီးပြားေရး ျပန္လည္နလန္ထူဖို႔နဲ႔ ညီၫြတ္မႈ ရရွိေရးအတြက္ ႀကိဳးပမ္းေနရခ်ိန္မွာ ႐ုရွားအေရးေၾကာင့္ G-20 ႏိုင္ငံေတြၾကား သေဘာထား မကဲြလဲြၾကဖို႔ ညီလာခံအဖြင့္မွာ အင္ဒိုနီးရွားသမၼတ Joko Widodo က တိုက္တြန္းခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

Unicode

ကမ္ဘာ့ စီးပွားရေးအင်အားကြီး နိုင်ငံပေါင်း ၂၀ G-20 ထိပ်သီးညီလာခံကို အင်္ဂါနေ့က အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းမှာ စတင် ကျင်းပရာမှာ၊ ယူကရိန်းစစ်ကြောင့် သဘောထား ကွဲပြားမှုတွေလည်း ကြုံနေရပါတယ်။

G-20 ခေါင်းဆောင်တွေ အနေနဲ့ ကြေညာချက်တစောင် ထုတ်ပြန်ဖို့ ပြင်ဆင်နေပြီး အဖွဲ့ဝင်အများစုက ရုရှားကျူးကျော်စစ်အပေါ် အပြင်းအထန် ရှုတ်ချဖို့ လိုလားနေတယ်လို့ အမေရိကန်အစိုးရ အဆင့်မြင့်အရာရှိတဦးက အင်္ဂါနေ့မနက် သတင်းထောက်တွေကို ပြောပါတယ်။ ကမ္ဘာပေါ်မှာ ကြီးမားတဲ့ စီးပွားရေးဆိုးကျိုးတွေနဲ့ လူသားချင်းစာနာမှု ဘေးဒုက္ခပါ ကြုံလာရတာဟာ ရုရှားရဲ့ ကျူးကျော်စစ်ကြောင့် ဖြစ်တယ်ဆိုတာကို G-20 နိုင်ငံအများစုက ပြတ်ပြတ်သားသား ပြောလို ကြတယ်လို့ အမည်မဖေါ်လိုတဲ့ အဲဒီ အမေရိကန်အရာရှိက ပြောပါတယ်။

G-20 ထိပ်သီးဆွေးနွေးပွဲ အဆုံးသတ်ချိန် ဒီသီတင်းပတ်နှောင်းပိုင်းမှာ ထုတ်ပြန်မယ့် ကြေညာချက်မှာ G-20 အဖွဲ့ဝင်ဖြစ်တဲ့ ရုရှားကို အထီးကျန်အောင်လုပ်ဖို့ ရည်ရွားထားတယ်လို့လည်း ပြောပါတယ်။ ဒါပေမဲ့ ဒီကြေညာချက်မှာ ဘယ်နှစ်နိုင်ငံက လက်မှတ်ထိုးကြမယ် ဆိုတာကတော့ ရှင်းရှင်းလင်းလင်း မသိရ သေးပါဘူး။ ကမ္ဘာ့ စီးပွားရေး ပြန်လည်နလန်ထူဖို့နဲ့ ညီညွတ်မှု ရရှိရေးအတွက် ကြိုးပမ်းနေရချိန်မှာ ရုရှားအရေးကြောင့် G-20 နိုင်ငံတွေကြား သဘောထား မကွဲလွဲကြဖို့ ညီလာခံအဖွင့်မှာ အင်ဒိုနီးရှားသမ္မတ Joko Widodo က တိုက်တွန်းခဲ့ပါတယ်။

XS
SM
MD
LG