သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

႐ု႐ုား သန္႔စင္ေရနံေစ်း တညီတည္း သတ္မွတ္ဖို႔ G-7 ႏိုင္ငံေတြ သေဘာတူ


Russia Gas Pipeline

႐ု႐ွားက သန္႔စင္ေရနံေတြရဲ႕ေစ်းကို တညီထဲ ေစ်းျဖတ္သတ္မွတ္ဖို႔ စက္မႈအင္အားႀကီး ၇ ႏိုင္ငံ (G-7) က ေသာၾကာေန႔က သေဘာတူခဲ့ၾကပါတယ္။ ဥပေဒခ်ိဳးေဖာက္ၿပီး ယူကရိန္းႏိုင္ငံအေပၚ စစ္တိုက္ေနတဲ့ ႐ု႐ွားအတြက္ အဓိကဝင္ေငြကို ကန္႔သတ္ႏိုင္ေအာင္ ရည္႐ြယ္ၿပီး ႐ု႐ွားရဲ႕ ေရနံစိမ္းေစ်းကို ဒီဇင္ဘာလတုန္းက သတ္မွတ္ခဲ့သလိုမ်ိဳး သန္႔စင္ေရနံေစ်းႏႈန္းကိုလည္း ကန္႔သတ္တာျဖစ္တယ္လို႔ အေမရိကန္ဘ႑ာေရးဝန္ႀကီး Janet Yellen က ေၾကညာခ်က္ထဲမွာ ေျပာၾကားထားပါတယ္။

ဒီဇယ္ဆီ၊ ဓါတ္ဆီနဲ႔ ေရနံဆီလို ဆီမ်ိဳးေတြကို တစည္ကို ေဒၚလာ ၁၀၀ ေစ်းျဖတ္မွာျဖစ္ၿပီး ေလာင္စာအတြက္သုံးတဲ့ဆီမ်ိဳး တစည္ကို ၄၅ ေဒၚလာ ေစ်းျဖတ္မယ္လို႔ တာဝန္႐ွိသူေတြက ေျပာပါတယ္။

တနဂၤေႏြေန႔ကစၿပီး ႐ု႐ွားကတင္ပို႔တဲ့ သန္႔စင္ ေရနံအားလုံးကို EU ဥေရာပသမဂၢအဖြဲ႔ဝင္ ၂၇ ႏိုင္ငံလုံးမွာ နက္ျဖန္ တနဂၤေႏြေန႔က စတင္ၿပီး တားျမစ္ပိတ္ပင္မႈ စတင္ေတာ့မွာ ျဖစ္ခ်ိန္မွာ G-7 ႏိုင္ငံေတြ ကန္႔သတ္လိုက္တာျဖစ္ပါတယ္။

႐ု႐ွား က်ဴးေက်ာ္စစ္ေၾကာင့္ ပ်က္စီးသြားတဲ့ ယူကရိန္း အေျခခံအေဆာက္အအုံေတြ ျပန္လည္တည္ေဆာက္ေပးေရးအတြက္ မဆုတ္မနစ္ ကူညီသြားဖို႔ EU တာဝန္႐ွိသူေတြ ေသာၾကာေန႔က ကတိျပဳခဲ့ၾကပါတယ္။ အေမရိကန္ျပည္ေထာင္စုကလည္း ေဒၚလာ ၂ ဘီလ်ံေက်ာ္ဖိုး ေနာက္တသုတ္ လုံျခဳံေရးအကူအညီေတြ ေပးမယ္လို႔ ေၾကညာခဲ့ပါတယ္။

==== Unicode ====

ရုရှားက သန့်စင်ရေနံတွေရဲ့ဈေးကို တညီထဲ ဈေးဖြတ်သတ်မှတ်ဖို့ စက်မှုအင်အားကြီး ၇ နိုင်ငံ (G-7) က သောကြာနေ့က သဘောတူခဲ့ကြပါတယ်။ ဥပဒေချိုးဖောက်ပြီး ယူကရိန်းနိုင်ငံအပေါ် စစ်တိုက်နေတဲ့ ရုရှားအတွက် အဓိကဝင်ငွေကို ကန့်သတ်နိုင်အောင် ရည်ရွယ်ပြီး ရုရှားရဲ့ ရေနံစိမ်းဈေးကို ဒီဇင်ဘာလတုန်းက သတ်မှတ်ခဲ့သလိုမျိုး သန့်စင်ရေနံဈေးနှုန်းကိုလည်း ကန့်သတ်တာဖြစ်တယ်လို့ အမေရိကန်ဘဏ္ဍာရေးဝန်ကြီး Janet Yellen က ကြေညာချက်ထဲမှာ ပြောကြားထားပါတယ်။

ဒီဇယ်ဆီ၊ ဓါတ်ဆီနဲ့ ရေနံဆီလို ဆီမျိုးတွေကို တစည်ကို ဒေါ်လာ ၁၀၀ ဈေးဖြတ်မှာဖြစ်ပြီး လောင်စာအတွက်သုံးတဲ့ဆီမျိုး တစည်ကို ၄၅ ဒေါ်လာ ဈေးဖြတ်မယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

တနင်္ဂနွေနေ့ကစပြီး ရုရှားကတင်ပို့တဲ့ သန့်စင် ရေနံအားလုံးကို EU ဥရောပသမဂ္ဂအဖွဲ့ဝင် ၂၇ နိုင်ငံလုံးမှာ နက်ဖြန် တနင်္ဂနွေနေ့က စတင်ပြီး တားမြစ်ပိတ်ပင်မှု စတင်တော့မှာ ဖြစ်ချိန်မှာ G-7 နိုင်ငံတွေ ကန့်သတ်လိုက်တာဖြစ်ပါတယ်။

ရုရှား ကျူးကျော်စစ်ကြောင့် ပျက်စီးသွားတဲ့ ယူကရိန်း အခြေခံအဆောက်အအုံတွေ ပြန်လည်တည်ဆောက်ပေးရေးအတွက် မဆုတ်မနစ် ကူညီသွားဖို့ EU တာဝန်ရှိသူတွေ သောကြာနေ့က ကတိပြုခဲ့ကြပါတယ်။ အမေရိကန်ပြည်ထောင်စုကလည်း ဒေါ်လာ ၂ ဘီလျံကျော်ဖိုး နောက်တသုတ် လုံခြုံရေးအကူအညီတွေ ပေးမယ်လို့ ကြေညာခဲ့ပါတယ်။

XS
SM
MD
LG