သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စက်မှုထိပ်သီး ၈ နိုင်ငံ မြန်မာ့အရေး ဆွေးနွေးမည်


၂၀၁၂ က ပြုလုပ်ခဲ့တဲ့ G8 စက်မှုထိပ်သီးနိုင်ငံများ အစည်းအဝေး
၂၀၁၂ က ပြုလုပ်ခဲ့တဲ့ G8 စက်မှုထိပ်သီးနိုင်ငံများ အစည်းအဝေး
ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့မှာ ကျင်းပမယ့် G8 စက်မှုထိပ်သီး ၈ နိုင်ငံ အစည်းအဝေးမှာ မြန်မာနိုင်ငံ အရေးကိစ္စကိုလည်း ဆွေးနွေးကြ ဖို့ရှိပါတယ်။ ဘယ်ကိစ္စကို အဓိကထား ဆွေးနွေးကြမယ်ဆိုတာ အတိအကျ မသိရပေမဲ့ ဗြိတိန်အခြေစိုက် Burma Campaign UK အဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာတော့ မြန်မာ အစိုးရက တင်ပြထားသလို တာဝန်သိတဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ ကုန်သွယ်ရေးကိစ္စကို ဆွေးနွေးကြ လိမ့်မယ်လို့ ဖော်ပြထားပါတယ်။

အစိုးရစစ်တပ်ဟာ မုဒိန်းကျင့်မှု၊ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ကျူးလွန်ခဲ့တယ်ဆိုတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး မဆွေးနွေးဘဲ ကုန်သွယ်ရေးကိစ္စကိုပဲ အဓိကထားပြီး ဆွေးနွေးမယ့်အပေါ် အထူး စိုးရိမ်မိတယ်လို့ Burma Campaign UK က ပြောပါတယ်။

ဒီထိပ်သီးအစည်းအဝေးမှာ ထိပ်တန်းဦးစားပေးပြီး ဆွေးနွေးမယ့်
နောက်အကြောင်းအရာတခုကတော့ ဆီးရီးယား ပြည်တွင်းစစ် ကိစ္စဖြစ်ပါတယ်။

သမ္မတ ဘာရှာ အယ်လ်-အာဆဒ် (Bashar al-Assad) အစိုးရကို လက်နက်ကိုင် ပုန်ကန်နေတဲ့ ဆီးရီးယား အတိုက်အခံတွေကို လက်နက်ထောက်ပံ့ရေးကိစ္စကို ဗြိတိန်နဲ့ ပြင်သစ်နိုင်ငံတွေက ဆက်ပြီး တွန်းအားပေးလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ ဒါပေမဲ့လည်း မူဝါဒပိုင်းဆိုင်ရာ အပြောင်းအလဲဖြစ်မယ့် အရိပ်လက္ခဏာမျိုးတွေကို မတွေ့ရသေးပါဘူး။

မြောက်ကိုရီးယားရဲ့ စစ်ရေးခြိမ်းခြောက်မှုဟာလည်း ထိပ်သီးအစည်းအဝေး အစီအစဉ်ထဲမှာ ထိပ်တန်းဦးစားပေးကိစ္စတစ်ခုအဖြစ် ပါဝင်မှာဖြစ်ပါတယ်။
XS
SM
MD
LG