သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စက်မှုထိပ်သီး ၈ နိုင်ငံ ဆီးရီးယားအရေး ဦးစားပေးဆွေးနွေးမည်


ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ ကျင်းပနေတဲ့ G8 စက်မှုထိပ်သီး ၈ နိုင်ငံက နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ ထိပ်သီးစည်းဝေးပွဲမှာ ဆီးရီးယားက တော်လှန်ရေးသမားတွေကို လက်နက် အထောက်အပံ့ ပေးရေးကို ဗြိတိန်နဲ့ ပြင်သစ်နိုင်ငံတွေက ဆက်ပြီး တိုက်တွန်းသွားကြလိမ့်မယ်လို့ ခန့်မှန်းရပါတယ်။

ဒါပေမဲ့ ဆီးရီးယားအပေါ်ထားတဲ့ မူဝါဒပိုင်းမှာတော့ အကြီးအကျယ် ပြောင်းလဲသွားမယ့် လက္ခဏာတော့ မရှိပါဘူး။

မြောက်ကိုရီးယားရဲ့ ခြိမ်းခြောက်မှုတွေနဲ့ ပတ်သက်လို့လည်း စည်းဝေးပွဲမှာ ဦးစားပေး ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ ကြာသပတေးနေ့အထိ ၂ ရက်ကြာတဲ့ G8 နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ စည်းဝေးပွဲမှာ မြန်မာနိုင်ငံမှာ တာဝန်သိ ရင်းနှီးမြှုပ်နှံမှုတွေ လုပ်ရေးကိုလည်း ထည့်သွင်းဆွေးနွေးကြဖို့ ရှိပါတယ်။

အခု G8 နိုင်ငံခြားရေး ဝန်ကြီးတွေ တွေ့ဆုံဆွေးနွေးမှုဟာ မြောက်ပိုင်း Ireland မှာ ကျင်းပဖို့ရှိတဲ့ နှစ်ပတ်လည် G8 ထိပ်သီးညီလာခံအကြို တွေ့ဆုံဆွေးနွေးမှု ဖြစ်ပါတယ်။
XS
SM
MD
LG