သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် ကွန်ဂရက်လွှတ်တော်အမတ် သေနတ်နှင့် အပစ်ခံရ

အမေရိကန် ကွန်ဂရက်လွှတ်တော်အမတ် သေနတ်နှင့် အပစ်ခံရ
အမေရိကန် ကွန်ဂရက်လွှတ်တော်အမတ် သေနတ်နှင့် အပစ်ခံရ

အမေရိကန်ပြည်ထောင်စု အနောက်တောင်ပိုင်းက အရီဇိုးနားပြည်နယ်မှာ အမျိုးသမီး လွှတ်တော်အမတ် တယောက် သေနတ်နဲ့ ပစ်ခံရလို့ အပြင်းအထန် ဒဏ်ရာရသွားပါတယ်။

အရီဇိုးနားပြည်နယ်ရဲ့ ဒီမိုကရက်တစ် လွှတ်တော်အမတ် ဂေဘရီယယ်လ် ဂစ်ဖော့ဒ်စ် (Gabrielle Giffords) ဟာ Tucson မြို့က ကုန်စုံဆိုင်တခုရှေ့မှာ မဲဆန္ဒရှင်တွေနဲ့ တွေ့ဆုံ ဆွေးနွေးပွဲလုပ်နေစဉ် ဦးခေါင်းကို သေနတ်နဲ့ ပစ်ခံရတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ပစ်ခတ်မှုကြောင့် ပြည်ထောင်စုတရားသူကြီးတယောက်နဲ့ ကိုးနှစ်အရွယ် မိန်းကလေးတယောက်အပါအဝင် တချို့ သေဆုံးသွားပါတယ်။ တခြား ၁၇ ယောက်လောက်လဲ ဒဏ်ရာရသွားကြပါတယ်။

အမတ် Giffords တက်ရောက် ဆေးကုသခံနေတဲ့ အရီဇိုးနား တက္ကသိုလ်ဆေးရုံက ခွဲစိတ်ဆရာဝန်ကြီး Dr. Peter Rhee က သူ့အခြေအနေပြန်ကောင်းလာဖို့ အကောင်းဖက်က မျှော်လင့်တယ်လို့ ပြောပါတယ်။

ဆေးရုံကိုရောက်လာတဲ့သူ ၁၀ ယောက်ထဲမှာ ၅ ယောက်က စိုးရိမ်ရတဲ့ အခြေအနေမှာရှိပြီး ကလေးငယ် တယောက်ကတော့ သေဆုံးသွားခဲ့တယ်လို့ Dr. Rhee ကပြောပါတယ်။

ဒီပစ်ခတ်မှုဟာ ပြောပြလို့ မရနိုင်လောက်တဲ့ ကြေကွဲစရာဖြစ်ရပ်ဖြစ်တယ်လို့ သမ္မတ Barack Obama က ပြောပါတယ်။ ပြည်ထောင်စု စုံစမ်းစစ်ဆေးရေးဗျူရို FBI ညွှန်ကြားရေးမှူးကလည်း ပစ်ခတ်မှုကို ညှိနှိုင်း စုံစမ်း ကိုင်တွယ်ဖို့အတွက် အရီဇိုးနားပြည်နယ်ကို သွားနေပြီလို့ သမ္မတ အိုဘားမားက ပြောပါတယ်။

This item is part of
XS
SM
MD
LG