သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အနောက်နိုင်ငံထောက်လှမ်းရေးတွေ ဂဒါဖီအစိုးရနှင့် ပူးပေါင်းဆောင်ရွက်ခဲ့


အနောက်နိုင်ငံထောက်လှမ်းရေးတွေ ဂဒါဖီအစိုးရနှင့် ပူးပေါင်းဆောင်ရွက်ခဲ့
အနောက်နိုင်ငံထောက်လှမ်းရေးတွေ ဂဒါဖီအစိုးရနှင့် ပူးပေါင်းဆောင်ရွက်ခဲ့

အကြမ်းဖက်သမားတွေရဲ့ သတင်းဖလှယ်ရေးနဲ့ပတ်သက်လို့ လစ်ဗျား ဂဒါဖီအစိုးရနဲ့ အနောက်နိုင်ငံ ထောက်လှမ်းရေးအဖွဲ့တွေကြား အနီးကပ် ပူးပေါင်းဆောင်ရွက်မှု အနေအထားတွေကို ရေးသားဖော်ပြထားတဲ့ စာရွက်စာတမ်းတွေကို ထရစ်ပိုလီ (Tripoli) မြို့က လူမရှိတဲ့ ရုံးခန်းတခုထဲကနေ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ Human Rights Watch သုတေသနမှူးတွေက သောကြာနေ့က တွေ့ရှိခဲ့ကြပါတယ်။

အဲဒီရုံးခန်းဟာ ဂဒါဖီရဲ့ အနီးကပ် လက်ရုံးတယောက်ဖြစ်တဲ့ လစ်ဗျား ထောက်လှမ်းရေးမှူးချုပ်ဟောင်း Moussa Koussa အသုံးပြုခဲ့တဲ့ ရုံးခန်းဖြစ်ပါတယ်။

စာရွက်စာတမ်းတွေနဲ့ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကို ဖော်ပြခြင်းမရှိပါဘူး။ စာရွက်စာတမ်းတွေဟာ လစ်ဗျား ထောက်လှမ်းရေးအဖွဲ့နဲ့ အမေရိကန်ထောက်လှမ်းရေး CIA ကြား ဆက်သွယ် ရေးသားထားတဲ့စာတွေ ဖြစ်ပါတယ်။

ဒီစာတွေထဲမှာ သံသယဖြစ်ဖွယ် အကြမ်းဖက်သမားတွေရဲ့အမည်၊ စစ်ဆေးမေးမြန်းတဲ့မေးခွန်းတွေနဲ့ သူတို့ရဲ့လှုပ်ရှားမှု အစီအစဉ်တွေ အပါအဝင် တခြားထောက်လှမ်းရေးသတင်းတွေ ပါဝင်ယုံမက လစ်ဗျား ခေါင်းဆောင် ဂဒါဖီအတွက် CIA ကရေးသားပေးတဲ့ မိန့်ခွန်းတခုလည်း ပါဝင်ပါတယ်။

ဒီမိန့်ခွန်းက အရှေ့အလယ်ပိုင်းဒေသကို ဖျက်အားပြင်းလက်နက် မရှိတဲ့ဒေသ ဖြစ်ရအောင် တောင်းဆိုချက် ပါဝင်ပါတယ်။ နောက်ထပ်စာရွက်တခုမှာ CIA ဒုတိယခေါင်းဆောင် Stephen Kapp ဆီကလို့ စွပ်စွဲထားတဲ့ စာတစောင်လည်း ပါဝင်ပြီး လစ်ဗျားမှာ CIA အဖွဲ့ အမြဲတမ်း တည်ရှိရေးကိစ္စအတွက် လစ်ဗျားနဲ့ အမေရိကန် CIA ခေါင်းဆောင် နှစ်ယောက်ကြား ရင်းရင်းနှီးနှီး ဆက်သွယ်ပြောဆိုထားပုံကိုလည်း တွေ့ရတယ်လို့ ဆိုပါတယ်။

XS
SM
MD
LG