သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကဒါဖီတပ် တားမြစ်လက်နက်သုံး


ကဒါဖီတပ် တားမြစ်လက်နက်သုံး
ကဒါဖီတပ် တားမြစ်လက်နက်သုံး

နေတိုးတပ်ဖွဲ့တွေရဲ့ အကူအညီတွေကို ရရှိနေတဲ့ သူပုန်တပ်ဖွဲ့တွေနဲ့ လစ်ဗျားခေါင်းဆောင် မိုမာကဒါဖီ အပေါ် သစ္စာခံတဲ့ တပ်ဖွဲ့တွေအကြား အနည်းဆုံး မြို့ ၃ မြို့လောက်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။

တိုင်းပြည်အနောက်ပိုင်းက မစ်ရာတာ (Misrata) မြို့မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအကြား အစိုးရ တပ်ဖွဲ့တွေက သူတို့ထိုးစစ်ဆင်တဲ့နေရာတွေမှာ ဆင့်ကဲပေါက်ကွဲတဲ့ ဗုံးတွေကို အသုံးပြုခဲ့တယ်လို့ သူပုန်တပ်ဖွဲ့တွေက စွပ်စွဲ ပြောဆိုနေပါတယ်။

မြို့ရဲ့ စက်မှုဇုံရှိတဲ့နေရာကို ခေါင်းဆောင် ကဒါဖီကို သစ္စာခံတဲ့တပ်ဖွဲ့တွေက ဒုံးကျည် ၁၀၀ ကျော်လောက်နဲ့ စနေနေ့မှာ ပစ်ခတ်ခဲ့တယ်လို့ သူပုန်တပ်ဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်က ရိုက်တာသတင်းဌာနကို ပြောပါတယ်။ အသေအပျောက် ရှိတယ် ဆိုတဲ့ သတင်းတော့ မရသေးဘူးလို့ အဲဒီ ပြောခွင့်ရပုဂ္ဂိုလ်က ဆိုပါတယ်။

အဲဒီ ဆင့်ကဲပေါက်ကွဲတဲ့ဗုံးတွေဟာ ပစ်မှတ်ကို တိတိကျကျ မှန်တာမဟုတ်ဘဲ အထိန်းအကွပ်မရှိ ဗုံးဆန်တွေ စင်ချင်တဲ့နေရာ စင်တတ်တာမို့ အဲဒီဗုံးတွေကို အသုံးမပြုဖို့ နိုင်ငံတော်တော်များများက ပိတ်ပင်ထားတာပါ။

ဒီအတောအတွင်း အဒ်ဂျာဘီယာ (Adjabiya) မြို့မှာ ကဒါဖီတပ်ဖွဲ့တွေနဲ့ သူပုန်တပ်ဖွဲ့တွေအကြား တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားနေတယ်လို့လည်း မျက်မြင် သက်သေတွေက ပြောပါတယ်။

သီးခြားဖြစ်ပေါ်မှု တခုမှာတော့ ဘရက်ဂါ (Brega) မြို့မှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေအတွင်း တိုးတက်မှုတွေ ရှိတယ်လို့ သူပုန်တပ်ဖွဲ့တွေက ပြောပါတယ်။

XS
SM
MD
LG