သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လစ်ဗျားခေါင်းဆောင်ဟောင်း ကဒါဖီသေပြီဟု သတင်းထွက်


လစ်ဗျားခေါင်းဆောင်ဟောင်း ကဒါဖီသေပြီဟု သတင်းထွက်

လစ်ဗျားနိုင်ငံမှာ ခေါင်းဆောင်ဟောင်း ကဒါဖီဟာ သူ့ရဲ့ ဇာတိမြို့ထဲကနေ ထွက်ပြေးဖို့ ကြိုးစားစဉ်မှာ ဒဏ်ရာရ သေဆုံးသွားပြီလို့ ယာယီအစိုးရ အသွင်ကူးပြောင်းရေးကောင်စီ NTC က ပြောလိုက်ပါတယ်။ ဒါပေမယ့် ဒီပြောကြားမှုကို သီးခြား အတည်ပြုနိုင်ခြင်းတော့ မရှိသေးပါဘူး။

အစောပိုင်းတုန်းကတော့ ကဒါဖီကို ဖမ်းမိတယ်လို့ စစ်ဘက် ခေါင်းဆောင်တွေက ပြောပါတယ်။ ဒဏ်ရာတွေလည်း တော်တော်လေး ရထားတယ်လို့ NTC ခေါင်းဆောင်တွေက ပြောပါတယ်။ NTC ဘက်က တိုက်ခိုက်နေသူတွေဟာ ကဒါဖီကို သစ္စာရှိတဲ့တပ်တွေ သီတင်းပတ်ပေါင်းများစွာ ခုခံ တိုက်နေတဲ့ Sirte မြို့ကို ဒီကနေ့မှာတော့ ထိန်းချုပ်နိုင်လိုက်ပါတယ်။

Tripoli မြို့တော်ရဲ့ အရှေ့ဖက် မိုင်ပေါင်း ၂၂၃ လောက်မှာရှိတဲ့ Sirte မြို့ဟာ ကဒါဖီရဲ့ မွေးရပ်မြို့ဖြစ်ပါတယ်။
ဒီမြို့ဟာ ကဒါဖီကို ထောက်ခံသူတွေ အဓိကနဲ့ နောက်ဆုံး ခြေကုပ်ယူထားတဲ့ မြို့လဲ ဖြစ်ပါတယ်။

Sirte မြို့ကို သိမ်းပိုက်နိုင်လိုက်ရင် ယာယီ အသွင်ကူးပြောင်းရေး အစိုးရဖက်က လစ်ဗျားနိုင်ငံရဲ့ ဆိပ်ကမ်းမြို့တွေ အားလုံးကို ထိန်းချုပ်နိုင်တာ ဖြစ်တဲ့အတွက် လစ်ဗျားနိုင်ငံ လွတ်မြောက်ပြီလို့ ကြေညာနိုင်မှာ ဖြစ်တယ်လို့ NTC တာဝန်ရှိသူတွေက အစောပိုင်းက ပြောပါတယ်။

NTC ဖက်က တိုက်ခိုက်သူတွေက မြို့ထဲမှာ အလံသစ်ကို လွှင့်ထူပြီး သေနတ်တွေကို အောင်ပွဲခံတဲ့အနေနဲ့ လေပေါ်ကို ပြစ်ဖေါက်နေကြတာကို ရုပ်မြင်သံကြားတွေ ပေါ်မှာ ပြသနေကြပါတယ်။

XS
SM
MD
LG