သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂန်ဘီရာ သမ္မတအိမ်တော်အနီး ပစ်ခတ်မှုဖြစ်ပွား


ဂန်ဘီရာနိုင်ငံ မြို့တော် သမ္မတနန်းတော်အနီးမှာ ကြီးမားတဲ့ ပစ်ခတ်မှုတွေ ဖြစ်နေတယ်လို့ မြို့ခံတွေနဲ့ သံတမန်တွေက ပြောပါတယ်။ မြို့တော် Banjul မှာ အင်္ဂါနေ့ အစောပိုင်းတုန်းက လက်နက်ကိုင် တိုက်ခိုက်ရေးသမားတွေ တိုကိခိုက်မှု စတင်ခဲ့တာဖြစ်ပြီး၊ နေ့လည်ပိုင်းမှာတော့ အခြေအနေတွေ ငြိမ်သက်ပုံရလာပါတယ်။

တိုက်ခိုက်မှုတွေ ဖြစ်တဲ့အချိန်မှာ သမ္မတ Yahya Jammeh ကတော့ တိုင်းပြည်တွင်းမှာ မရှိပါဘူး။ သူ ဘယ်ရောက်နေသလဲ ဆိုတာနဲ့ပတ်သက်လို့ သတင်းတွေကလည်း အမျိုးမျိုးဖြစ်နေပါတယ်။ အခု တိုက်ခိုက်မှုတွေကြောင့် ဂန်ဘီရာမှာ အာဏာသိမ်းဖို့ ကြိုးပမ်းမှုတွေ ရှိသလားဆိုတာလည်း အတည်ပြုလို့မရသလို၊ အစိုးရကတည်း တစုံတရာ ထုတ်ပြန်မှု မရှိပါဘူး။

စစ်သားတွေကိုလည်း မြို့အဝင်အထွက် သွားလာလှုပ်ရှားမှုတွေ ကန့်သတ်ထားသလို၊ မြို့ခံတွေဟာလည်း အိမ်ပြင်မထွက်နေ နေကြရတယ်လို့ ဗွီအိုအေကို မြို့ခံတွေက ပြောပါတယ်။ ဂန်ဘီရာနိုင်ငံဟာ ဗြိတိသျှကိုလိုနီဟောင်း နိုင်ငံငယ်တခုဖြစ်ပါတယ်။

သူ့မြောက်ပိုင်းနဲ့ တောင်ပိုင်းနယ်စပ်တွေဟာ Senegal နိုင်ငံနဲ့ ဆက်နေတာပါ။ သမ္မတ Jammeh ဟာ ၁၉၉၄ ခုနှစ်မှာ အာဏာသိမ်းပြီး သမတဖြစ်လာသူပါ။ လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့လည်း အတော်ကြာကတည်းက ဝေဖန်ပြစ်တင်မှုတွေ ခံခဲ့ရပါတယ်။

XS
SM
MD
LG