သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပါရီနိုင်ငံတကာဘူတာနား မပေါက်သေးတဲ့ ဒုတိယကမ္ဘာစစ်ဗုံးတွေ့


ဒုတိယကမ္ဘာစစ်အတွင်းက မပေါက်ကွဲသေးတဲ့ဗုံးကိုတွေ့ခဲ့တဲ့ ပြင်သစ်နိုင်ငံ၊ ပါရီမြို့က Gare du Nord ဘူတာရုံမှာ သောင်တင်နေကြတဲ့ခရီးသည်များ။ (မတ်လ ၇၊ ၂၀၂၅)
ဒုတိယကမ္ဘာစစ်အတွင်းက မပေါက်ကွဲသေးတဲ့ဗုံးကိုတွေ့ခဲ့တဲ့ ပြင်သစ်နိုင်ငံ၊ ပါရီမြို့က Gare du Nord ဘူတာရုံမှာ သောင်တင်နေကြတဲ့ခရီးသည်များ။ (မတ်လ ၇၊ ၂၀၂၅)

ပြင်သစ်နိုင်ငံ ပါရီမြို့တော်က လူစည်ကားတဲ့ Gare du Nord (ဂါဒူနောဒ့်) နိုင်ငံတကာ ဘူတာရုံနားမှာ ဒုတိယကမ္ဘာစစ်ပွဲတုန်းက မပေါက်ကွဲသေးတဲ့ ဗုံးတွေ့ခဲ့လို့ ပြင်သစ်ကနေ နိုင်ငံတကာသွားတဲ့ မီးရထားခရီးစဉ်တွေ ဒီနေ့ ဖျက်ခဲ့ရပါတယ်။

ဘူတာရုံကနေ တမိုင်ခွဲလောက်ဝေးတဲ့ Saint Denis (ဆန်ဒနီး) ရပ်ကွက်မှာ မီးရထားသံလမ်းတွေကို ညဘက်မှာထိန်းသိမ်းပြုပြင်ရေးလုပ်စဉ် သံလမ်းတွေကြားမှာ မပေါက်ကွဲသေးတဲ့ဗုံးကို တွေ့ခဲ့တာလို့ အစိုးရပိုင် SNCF မီးရထားလုပ်ငန်းက ပြောပါတယ်။

Gare du Nord ဘူတာဟာ မြို့တွင်းနဲ့ နိုင်ငံတွင်း မီးရထားခရီးစဉ်တွေသာမက နိုင်ငံတကာသွားတဲ့ Eurostar မီးရထားခရီးစဉ်တွေ ဝင်ထွက်သွားလာနေတဲ့ အလုပ်အများဆုံး ဘူတာတခုဖြစ်သလို နေ့စဉ် ခရီးသည် (၇) သိန်းလောက် အသုံးပြုနေကြတဲ့ ဘူတာဖြစ်တယ်လို့ SNCF မီးရထားလုပ်ငန်းက ပြောပါတယ်။ Gare du Nord (ဂါဒူနောဒ့်) ဘူတာကနေ ဗြိတိန်နိုင်ငံ လန်ဒန်မြို့တော်နဲ့ Belgium နိုင်ငံ Brussels မြို့တော်ကို သွားတဲ့ မီးရထားခရီးစဉ်တွေ ထိခိုက်တယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

အင်္ဂလိပ်ရေလက်ကြားကို ဖြတ်ပြီး လန်ဒန်ကနေ ပါရီကို ရေအောက်ကနေဆက်ထားတဲ့ မီးရထားခရီးစဉ်အားလုံး ရပ်ဆိုင်းထားတဲ့အတွက် လန်ဒန် St. Pancras နိုင်ငံတကာဘူတာရုံမှာ ခရီးသည်တွေ သောင်တင်နေကြပါတယ်။ ဒုတိယကမ္ဘာစစ်ထဲက မပေါက်သေးတဲ့ ဗုံးကို ရှင်းနိုင်တဲ့အထိ မီးရထားခရီးစဉ်တွေရပ်ထားဖို့ ပြင်သစ်ရဲတပ်ဖွဲ့က ပြောကြားထားပါတယ်။

ပါရီနိုင်ငံတကာဘူတာနား မပေါက်သေးတဲ့ ဒုတိယကမ္ဘာစစ်ဗုံးတွေ့
please wait

No media source currently available

0:00 0:01:34 0:00
တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG