သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယမှာ ဓာတ်ငွေ့ယိုစိမ့်မှုကြောင့် ၁၁ ဦးသေ


India Gas Leak
India Gas Leak

အိန္ဒိယနိုင်ငံမှာ ဓာတ်ငွေ့ယိုစိမ့်မှုကြောင့် လူ ၁၁ ယောက် သေဆုံးသွားတယ်လို့ အိန္ဒိယအာဏာပိုင်တွေက ဒီနေ့ ပြောလိုက်ပါတယ်။ နိုင်ငံမြောက်ပိုင်း ပန်ဂျပ်ပြည်နယ် Ludhiana မြို့က Giaspura စက်မှုဇုန်မှာ ဓာတ်ငွေ့ယိုစိမ့်မှု ဖြစ်ပွားခဲ့တာပါ။ အာဏာပိုင်တွေဘက်ကတော့ ဘယ်လို ဓါတ်ငွေ့အမျိုးအစား ဖြစ်တယ်ဆိုတာနဲ့ ဘယ်ကနေ ဘယ်လို ယိုစိမ့်မှုတွေဖြစ်တယ်ဆိုတာကိုတော့ စုံစမ်းစစ်ဆေးနေတုန်း ဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ တာဝန်ရှိသူတဦးကို ကိုးကားပြီး AFP သတင်းက ဖော်ပြပါတယ်။

ဒီဓါတ်ငွေယိုစိမ့်မှုအတွင်း နောက်ထပ် ၄ ယောက်ကိုလည်း ဆေးရုံတင်ထားရပြီး ကယ်ဆယ်ရေးလုပ်ငန်းတွေကို ဆက်လုပ်နေတယ်လို့ အိန္ဒိယတာဝန်ရှိသူတွေက ပြောထားပါတယ်။

လူဦးရေသန်း ၁ ထောင့် ၄ ရာလောက်ရှိတဲ့ အိန္ဒိယနိုင်ငံမှာ လူသေဆုံးတဲ့အထိဖြစ်တဲ့ ဓါတ်ငွေ့ယိုစိမ့်မှုတွေ မကြာခဏဖြစ်လေ့ရှိပြီး၊ အများစုကကတော့ ဘေးကင်းလုံခြုံမှုပိုင်းဆိုင်ရာ စံသတ်မှတ်ချက်တွေ အားနည်းတာနဲ့ စစ်ဆေးမှုပိုင်းတွေ အားနည်းတာတွေကြောင့် ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လတုန်းကလည်း အိန္ဒိယနိုင်ငံတောင်ပိုင်းက Andhra Pradesh ပြည်နယ်က အဝတ်အထည်စက်ရုံတခုမှာ ဓါတ်ငွေ့ယိုစိမ့်ခဲ့တာကြောင့် အမျိုးသမီး ၁၁၂ ယောက်ထက်မနည်း ဆေးရုံတင်ခဲ့ရပါတယ်။

XS
SM
MD
LG