သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်ကိုဖြတ်ပြီး ဓါတ်ငွေ့ပိုက်လိုင်းဖောက်ဖို့ အိန္ဒိယစီစဉ်နေ


6,900 km gas pipelines to connect Bangladesh, Myanmar, India (file photo)
6,900 km gas pipelines to connect Bangladesh, Myanmar, India (file photo)

ဘင်္ဂလာဒေ့ရှ် ၊မြန်မာ၊ အိန္ဒိယ ၃ နိုင်ငံကို ဖြတ်ပြီး မိုင်ပေါင်း ၄ ထောင်ကျော် (ကီလိုမီတာ ၆၉၀၀) ရှည်လျားတဲ့ သဘာဝဓါတ်ငွေ့ ပိုက်လိုင်း သွယ်တန်းဖို့ အိန္ဒိယ အစိုးရက စီစဉ်နေတယ်လို့ ONGC ရေနံနဲ့ သဘာဝဓါတ်ငွေ့ ကော်ပိုရေးရှင်း အမှုဆောင်ဒါရိုက်တာ S.C. Soni က စနေနေ့မှာ ပြောကြားလိုက်ပါတယ်။

ဒါဟာ မြန်မာနိုင်ငံက စစ်တွေ၊ ဘင်္ဂလားဒေ့ရှ်က စစ်တကောင်း၊ အိန္ဒိယနိုင်ငံက အရှေ့မြောက်ပိုင်းက အာသံ မဏီပူအပါအဝင် ပြည်နယ်အများအပြားနဲ့ အနောက်ဘင်္ဂလား ပြည်နယ်ထဲက Siliguri နဲ့ Durgapur တို့ကို ဖြတ်သန်းဖေါက်လုပ်မှာ ဖြစ်ပါတယ်။

အရှေ့မြောက်ပိုင်းဒေသမှာ ရှိတဲ့ သဘာဝ ဓါတ်ငွေ့တွေကို လက်ရှိမှာ သုံးစွဲသူတွေ ဆီရောက်အောင် ပိုက်သွယ်ပြီး ပို့မပေးနိုင်တဲ့ အတွက် မီးရှို့ပစ်နေရတာမို့ အခုလို ပိုက်လိုင်းသွယ်တန်းဖို့ စီစဉ်တာ ဖြစ်ကြောင်းလည်း ပြောပါတယ်။
အိန္ဒိယ အရှေ့မြောက်ပိုင်း ပြည်နယ်တွေကို ပိုက်လိုင်းနဲ့ ပို့ရာမှာ အထောက်အကူရစေဖို့ စစ်တကောင်း ဆိပ်ကမ်းမှာ LPG သဘောဝ ဓါတ်ငွေ့ရည် စက်ရုံ ပူးတွဲတည်ဆောက်မယ့် သဘောတူညီချက်ကို ဒီနှစ် ဧပြီလထဲမှာ ဘင်္ဂလာဒေ့ရှ် ရေနံကော်ပိုရေးရှင်း BPC နဲ့ အိန္ဒိယ ရေနံကော်ပိုရေးရှင်း IOC တို့ လက်မှတ်ရေး ထိုးခဲ့တာပါ။ အိန္ဒိယ ဝန်ကြီးချုပ် Narendra Modi နဲ့ ဘင်္ဂလာဒေ့ရှ် ဝန်ကြီးချုပ် Sheikh Hasina တို့ ပြီးခဲ့တဲနှစ် ဇွန်လထဲမှာ ပိုက်လိုင်းကိစ္စ ပူးတွဲ ဆောင်ရွက်ဖို့ ဆွေးနွေးခဲ့တာဖြစ်ပါတယ်။

ဘင်္ဂလာဒေ့ရှ်၊ မြန်မာနဲ့ အိန္ဒိယနိုင်ငံ အနောက်ဘင်္ဂလားပြည်နယ်နဲ့ အရှေ့မြောက်ပြည်နယ်တွေကို ဆက်သွယ်ပြီး ရေနဲ့ သဘာဝ ဓါတ်ငွေ့တွေ တင်ပို့မယ့် ပိုက်လိုင်း တည်ဆောက်ရေးနဲ့ ပါတ်သက်ပြီး ပြီးခဲ့တဲ့ သီတင်းပါတ်ထဲမှာ အဆင့်မြင့် အရာရှိကြီးတွေ Guwahati မှာ ပထမ အကြိမ်တွေ့ဆုံခဲ့ပြီး ဒီနှစ်နှောင်းပိုင်းလောက်မှာ Agartala မှာ နောက်ဆုံး ဆွေးနွေးကြဖို့ ရှိတယ်လို့လည်း မစ္စတာ Soni က ပြောပါတယ်။အခုတင်သွင်းတဲ့ အစီအစဉ်ထဲမှာ သွယ်တန်းမယ့်လမ်းကြောင်း ၁၃ ခုပါဝင်ပြီး စုစုပေါင်း မိုင် ၄၃၀၀ နီးပါးရှည်လျားမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG