သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်လာသန်း သုံးရာတန် Gauguin ပန်းချီကား


Paul Gauguin ရဲ့လက်ရာ အမေရိကန်ဒေါ်လာ သန်း ၃၀၀ နီးပါးနဲ့ စံချိန်တင်ရောင်းချလိုက်တဲ့ "When Will You Marry?" ပန်းချီကား
Paul Gauguin ရဲ့လက်ရာ အမေရိကန်ဒေါ်လာ သန်း ၃၀၀ နီးပါးနဲ့ စံချိန်တင်ရောင်းချလိုက်တဲ့ "When Will You Marry?" ပန်းချီကား

မြန်မာပြည်မှာ “ဂေါ်ဂင်” လို့သိကြတဲ့ ပြင်သစ်ပန်းချီဆရာကြီး ပေါလ်ဂူဂန် (Paul Gauguin) ရဲ့ Tahitian ကျွန်းသူ ၂ ယောက်ထိုင်နေကြတဲ့ ပုံပန်းချီကားကို စံချိန်အမြင့်ဆုံး တန်ဖိုးနဲ့ ရောင်းလိုက်ရပါတယ်။

When Will You Marry? ဘယ်တော့လက်ထပ်မှာလဲဆိုတဲ့ ခေါင်းစဉ်နဲ့ ၁၈၉၂ ခုနှစ်က ရေးဆွဲထားတဲ့ ဆီဆေးပန်းချီကားကို ဒေါ်လာ သန်း ၃၀၀ နီးပါးနဲ့ ရောင်းလိုက်ရတာပါ၊ ကာတာနိုင်ငံက ပြတိုက်တခုကနေ Switzerland ပိုင်ရှင်တယောက်ဆီက ဝယ်လိုက်တာလို့ သတင်းတွေက ပြောပါတယ်။

ရေနံပေါကြွယ်ဝတဲ့ အရှေ့အလယ်ပိုင်းဒေသက ကာတာနိုင်ငံက လွန်ခဲ့တဲ့ ၃ နှစ်တုန်းကလဲ Paul ဆီဇန်း (Paul Cezanne) ရဲ့ The Card Players ဆိုတဲ့ပန်းချီကားကို ဒေါ်လာသန်း ၂၅၀ နီးပါးနဲ့ ဝယ်ယူခဲ့ပြီး ပန်ချီးကားတချပ်အတွက် ဈေးအများဆုံးပေးဝယ်တဲ့ စံချိန်ကို တင်ခဲ့ပါတယ်။

Staechelin မိသားစုအမွေထိန်း Sotheby လေလံကုမ္ပဏီကနေ အနားယူထားတဲ့ Rudolf Staechelin က ပန်းချီကားကို ရောင်းချလိုက်ပြီဆိုတာကို အတည်ပြုပြောပေမယ့် ဘယ်သူ့ကို ရောင်းလိုက်တယ်ဆိုတာကိုတော့ ထုတ်မပြောပါဘူးရှင်။

XS
SM
MD
LG