သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာဒေသ အပစ်ရပ်ရေး ဆွေးနွေးမှုတွေ အီဂျစ်မှာ ပြန်လည်စတင်


ဂါဇာဒေသ ယာယီအပစ်အခတ် ရပ်စဲရေး
ဂါဇာဒေသ ယာယီအပစ်အခတ် ရပ်စဲရေး

အစ္စရေးနဲ့ ဟာမတ်စ်ကြား ဂါဇာဒေသမှာ အပစ်အခတ်ရပ်စဲဖို့နဲ့ ဖမ်းဆီးထားတဲ့ ဓားစာခံတွေပြန်လွှတ်ဖို့ သဘောတူညီချက်ရရှိရေး အီဂျစ်နဲ့ ကာတာနိုင်ငံက စေ့စပ်ညှိနှိုင်းသူတွေနဲ့ ဆွေးနွေးမှုတွေကို ကိုင်ရိုမြို့မှာ ဒီကနေ့ ပြန်လည်စတင်မှာ ဖြစ်ပါတယ်။

နောက်ဆုံး အဆိုပြုချက်အပေါ် ဟာမတ်စ်တွေဖက်က တုံ့ပြန်ချက်ရလိမ့်မယ်လို့လည်း ခန့်မှန်းနေကြတာပါ။ အဆိုပြုချက်ကို အစ္စရေးက အတိုင်းအတာတခုအထိ လက်ခံထားတယ်လို့လည်း အမေရိကန်သမ္မတ Joe Biden အစိုးရ အကြီးတန်းအရာရှိတဦးက ပြောပါတယ်။ အဆိုပြုထားတဲ့အတိုင်း လက်ခံကြမယ် ဆိုရင်တော့ ဂါဇာဒေသမှာ သီတင်း ၆ ပတ်ကြာ အပစ်အခတ် ရပ်စဲထားပြီး၊ ဟာမတ်စ်တို့ ဖမ်းဆီးထားတဲ့ ဓားစာခံတွေထဲက ထိခိုက်နစ်နာနိုင်သူတွေကို ဦးစားပေး ပြန်လွှတ်ပေးမှာ ဖြစ်သလို စာနာမှုအကူအညီတွေကိုလည်း ပိုမိုခွင့်ပြုသွားမှာပါ။

ဟာမတ်စ်အဖွဲ့ကတော့ ယာယီအပစ်အခတ် ရပ်စဲရေးကနေ စစ်ပွဲအဆုံးသတ်ဖို့အထိ လိုလားတဲ့ ရပ်တည်ချက်ကို မပြောင်းလဲဘူးလို့ အီဂျစ်အစိုးရတာဝန်ရှိသူတွေနဲ့ ဟာမတ်စ်အဖွဲ့နဲ့ နီးစပ်သူတဦးကို ကိုးကားပြီး သတင်းတွေက ဖော်ပြနေကြပါတယ်။

ဂါဇာမြောက်ပိုင်းက စွန့်ခွာခဲ့ကြတဲ့ ပါလက်စတိုင်းတွေကို နေရပ်ပြန်ခွင့်ပေးဖို့၊ စာနာမှုအကူအညီတွေ တိုးမြှင့်ဖို့ အပါအဝင် တောင်းဆိုချက်တွေကို လက်ခံမယ်ဆိုရင် ၂၄ နာရီကနေ ၄၈ နာရီအတွင်း အပစ်အခတ် ရပ်စဲရေးအတွက် လမ်းပွင့်လာနိုင်ကြောင်းလည်း ဟာမတ်စ်အဖွဲ့ရဲ့ အကြီးတန်းတာဝန်ရှိသူတဦးကို ကိုးကားပြီး AFP သတင်းက ဖော်ပြပါတယ်။

Forum

XS
SM
MD
LG