သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးလေကြောင်း တိုက်ခိုက်မှုမှာ ဟားမတ် စစ်ခေါင်းဆောင်သုံးဦးသေဆုံး


ဟားမတ် စစ်ခေါင်းဆောင်သုံးဦးရဲ့ ရုပ်အလောင်းတွေကို သယ်ဆောင်လာစဉ်။ (သြဂုတ် ၂၁၊ ၂၀၁၄)
ဟားမတ် စစ်ခေါင်းဆောင်သုံးဦးရဲ့ ရုပ်အလောင်းတွေကို သယ်ဆောင်လာစဉ်။ (သြဂုတ် ၂၁၊ ၂၀၁၄)

ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်းမှာ အစ္စရေးလေကြောင်းတိုက်ခိုက်မှုတခုကြောင့် ဟားမတ်အဖွဲ့ရဲ့ အကြီးတန်းစစ်ခေါင်းဆောင်သုံးဦး သေဆုံးသွားပါတယ်။ Rafah မြို့က လေးထပ်တိုက်အဆောက်အဦးကို ကြာသာပတေးနေ့က ဗုံးထိမှန်ပြီး အဲဒီမှာပဲ သူတို့ သေဆုံးသွားတာပါ။ အဲဒီ စစ်ခေါင်းဆောင်တွေကို နှစ် ၂၀ လောက် အစ္စရေးအပေါ် စစ်ဆင်ရေးတွေကို ဦးဆောင်ခဲ့သူတွေ ဖြစ်ပါတယ်။ အဲဒီ တိုက်ခိုက်မှုအတွင်းမှာ နောက်ထပ် လူသုံးဦးထက်မနည်းလည်း သေဆုံးခဲ့တယ်လို့ အစ္စရေး တာဝန်ရှိသူတွေက ပြောပါတယ်။ သေဆုံးသူတွေဟာ Mohammed Abu Shamaleh/ Raed al-Attar နဲ့ Mohammed Barhoum တို့ဖြစ်ကြတယ်လို့ ဟားမတ်အဖွဲ့ကလည်း အတည်ပြုခဲ့ပါတယ်။ အဲဒီသုံးဦးဟာဆိုရင် အစ္စရေးစစ်သားတွေကို သတ်ဖြတ်မှု၊ အစ္စရေးစစ်သား Gilad Shalit ကို ၂၀၀၆ ခုနှစ်တုန်းကက ပြန်ပေးဆွဲမှု စတဲ့ အစ္စရေးအပေါ် တိုက်ခိုက်မှုတွေမှာ တာဝန်ရှိသူတွေ ဖြစ်ကြတယ်လို့ အစ္စရေး ကာကွယ်ရေးဝန်ကြီး Moshe Yaalon က ပြောပါတယ်။

အခုလို ဒီ ဟားမတ်တပ်မှုးသုံးဦးကို လုပ်ကြံတိုက်ခိုက်နိုင်ခဲ့တာဟာ အစ္စရေးစစ်တပ်နဲ့ Shin Bet လုံခြုံရေးအဖွဲ့တို့ရဲ့ ထောက်လှမ်းရေးနဲ့ စစ်ဆင်ရေးအောင်မြင်မှုကြီးတရပ်ဖြစ်တယ်လို့ အစ္စရေးကာကွယ်ရေးဝန်ကြီး Yaalon က ပြောပါတယ်။ အဲဒီ တပ်မှုးသုံးဦးရဲ့ ဈာပနပြုတော့ ဂါဇာလမ်းတွေပေါ်မှာ ပါလက်စတိုင်းထောင်ဂဏန်း လိုက်ပါပို့ဆောင်ပြီး လေထဲကို သေနက်တွေနဲ့ အချို့က ပစ်ဖောက်ခဲ့ပါတယ်။ အခုလို အစ္စရေး တိုက်ခိုက်မှုတွေဟာ သူတို့ရဲ့ စစ်ပွဲကို လမ်းလွဲသွားစေမှာမဟုတ်ဘူးလို့ ဟားမတ် ပြောခွင့်ရသူက Sami Abu Zuhri က ပြောခဲ့ပါတယ်။

တနေ့တုန်းကလည်း အစ္စရေးလေကြောင်းတိုက်ခိုက်မှုတခုကြောင့် ဟားမတ်စစ်ခေါင်းဆောင် Mohammed Deif ရဲ့ဇနီးသည်နဲ့ မွေးကင်းကလေးငယ်တို့ သေဆုံးသွားပါတယ်။ Deif ကတော့ အဲဒီအချိန် တိုက်ခိုက်ခံရတဲ့နေရာမှာမရှိလို့ အသက်ရှင်လွတ်မြောက်ခဲ့ပါတယ်။

XS
SM
MD
LG