သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုဘယ်လ်ဆုရှင်အပါအဝင် ပါလက်စတိုင်းအရေး လှုပ်ရှားသူတွေ ဌာနေပြန်ပို့

အစ္စရေးတို့ပိတ်ဆို့ထားတဲ့ ဂါဇာဒေသကို တိုက်ရိုက်သွားဖို့ ကြိုးစားခဲ့တဲ့ ကုန်တင်သင်္ဘောနဲ့ လိုက်ပါလာသူ ပါလက်စတိုင်းအရေး လှုပ်ရှားသူ တွေကို အစ္စရေးနိုင်ငံ Ben Gurion နိုင်ငံတကာလေဆိပ်ကို ပို့လိုက်ပါပြီ။

၁၉၇၆ ခုနှစ် ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် Mairead Corrigan အပါအဝင် ပါလက်စတိုင်းအရေးလှုပ်ရှားသူ ၁၁ ဦးနဲ့ သင်္ဘောအမှုထမ်း ၈ ဦးကို ဒီနေ့တနင်္ဂနွေနေ့မှာ ဌာနေပြန်ပို့မှာဖြစ်ပါတယ်။ သူတို့ကိုယ်တိုင်က ပြန်ဖို့ဆန္ဒမရှိဘူး ဆိုရင် တော့ အဖမ်းခံပြီး အယူခံဝင်ဖို့ အခွင့်အရေး ရှိတယ်လို့ အစ္စရေးတာဝန်ခံတွေကပြောပါတယ်။

အစ္စရေးတို့ပိတ်ဆို့ထားတဲ့ ဂါဇာဒေသကို တိုက်ရိုက်ခုတ်မောင်းဖို့ ကြိုးစားခဲ့တဲ့ Rachel Corrie ကုန်တင်သင်္ဘောပေါ်မှာ သင်္ဘောအမှုထမ်းတွေ နဲ့ ပါလက်စတိုင်းအရေးလှုပ်ရှားသူ ၁၉ ဦးလိုက်ပါခဲ့တာဖြစ်ပါတယ်။ အစ္စရေးရေတပ်က အဲဒီ သင်္ဘောကို ကြားဖြတ်စီးနင်းခဲ့ပြီး ထိပ်တိုက် ရင်ဆိုင်မှုတွေမရှိဘဲ Ashdod ဆိပ်ကမ်းမှာ စနေနေ့က ကျောက်ချ ရပ်နားစေခဲ့တာဖြစ်ပါတယ်။

Hamas စစ်သွေးကြွတွေ ထိန်းချုပ်နေတဲ့ Gaza ဒေသကို ကုန်ပစ္စည်းတန်ချိန် ၂၀ ပေးပို့နိုင်ဖို့အတွက် ပါလက်စတိုင်းအရေး လှုပ်ရှားသူတွေက ကြိုးစားခဲ့ကြတာ ဖြစ်ပါတယ်။ Free Gaza Movement ဂါဇာလွတ်မြောက်ရေးလှုပ်ရှားမှုအနေနဲ့ ဂါဇာဒေသအတွက် အထောက်အပံ့ ပစ္စည်းတွေ တင်ပို့နိုင်ရေး တပတ်အတွင်း ဒုတိယအကြိမ်မြောက် ကြိုးပမ်းမှုဖြစ်ပါ တယ်။ တနင်္လာနေ့က အလားတူကြိုးပမ်းခဲ့တဲ့ သင်္ဘောအုပ်စုကို အစ္စရေးရေတပ်က စီးနင်းမှုမှာ တူရကီနွယ်ဖွား အမေရိကန်တဦးအပါအဝင် တူရကီနိုင်ငံသား ၉ ဦး သေဆုံးခဲ့ရပါတယ်။

This item is part of
XS
SM
MD
LG