သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၇၂ နာရီ အပစ်ရပ်ဖို့ အစ္စရေးနဲ့ Hamas သဘောတူ


အစ္စရေးဘက်က ပစ်ခတ်တဲ့ ဗုံးထိမှန်ပျက်စီးသွားတဲ့ အဆောက်အဦးတခု (သြဂုတ် ၃၊ ၂၀၁၄)
အစ္စရေးဘက်က ပစ်ခတ်တဲ့ ဗုံးထိမှန်ပျက်စီးသွားတဲ့ အဆောက်အဦးတခု (သြဂုတ် ၃၊ ၂၀၁၄)

ဂါဇာဒေသမှာ အခု အင်္ဂါနေ့ အစောပိုင်းကစပြီး အစ္စရေးနဲ့ ဟားမတ်အကြား ၇၂ နှစ်ကြာ အပစ်အခတ်ရပ်စဲထားဖို့ နှစ်ဖက် သဘောတူညီလိုက်ကြပါတယ်။ စစ်ဒဏ်ခံနေရတဲ့ ဂါဇာဒေသမှာ တည်မြဲတဲ့ အပစ်အခတ်ရပ်စဲရေးဖြစ်ဖို့ဆိုပြီး အီဂျစ်နိုင်ငံ ကိုင်ရိုမြို့မှာ အီဂျစ်နှိုင်းရေးမှူးတွေ ပါလက်စတိုင်း ကိုယ်စားလှယ်အဖွဲ့နဲ့ တွေ့ဆုံဆွေးနွေးနေပြီးနောက် တနင်္လာနေ့နှောင်းပိုင်းမှာ အခုလို အပစ်ရပ်ကြေညာချက်ထွက်လာတာပါ။

ရေရှည်အပစ်ရပ်ရေး သဘောတူညီချက်ရဖို့ ကိုင်ရိုမှာလုပ်တဲ့ သုံးရက်ကြာဆွေးနွေးပွဲကို အစ္စရေးကိုယ်စားလှယ်တွေလည်း သွားရောက်ခဲ့ကြတယ်လို့ အစ္စရေးအကြီးတန်း တာဝန်ရှိသူတဦးက ပြောခဲ့ပါတယ်။

အစ္စရေးနိုင်ငံထဲအထိ ထိုးဖောက်ဝင်ရောက်ဖို့ လက်နက်တွေ သိုလှောင်ဖို့သုံးတဲ့ ဟားမတ်စ်တို့ရဲ့ မြေအောက်ဥမင်တွေကို အစ္စရေစစ်တပ်က ဖျက်ဆီးနေရာမှာ နောက်ဆုံး အပြီးသတ် အခြေအနေရောက်တော့မယ်ဆိုပြီး အစ္စရေးဝန်ကြီးချုပ် Benjamin Netanyahu က တနင်္လာနေ့ အစောပိုင်းက ကြေညာပြောခဲ့ပါတယ်။ ဒါပေမယ့်လည်း အစ္စရေးရဲ့ အခု ၂၈ ရက်ကြာ ဂါဇာစစ်ပွဲဟာ အစ္စရေးပြည်သူတွေအတွက် ရေရှည် လုံခြုံဘေးကင်းမှုရတဲ့ အခြေအနေရောက်မှသာ ရပ်နားမယ်လို့ အစ္စရေးဝန်ကြီးချုပ်က ပြောခဲ့ပါတယ်။

XS
SM
MD
LG