သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာအပစ်ရပ်ရေး John Kerry စေ့စပ်


လူရာပေါင်းများစွာ သေဆုံးခဲ့ရပြီးပြီဖြစ်တဲ့ အစ္စရေးလ်နဲ့ Hamas တို့အကြား ပဋိပက္ခ အဆုံးသတ်ရေးဆီ ဦးတည်တဲ့ တိုးတက်မှုတချို့ကို အပစ်ရပ် သဘောတူညီချက် တခုရအောင် လုပ်ဆောင်နေကြတဲ့ တာဝန်ရှိသူတွေက ရထားကြပြီလို့ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး John Kerry က ပြောလိုက်ပါတယ်။

အကြမ်းဖက် တိုက်ခိုက်မှုတွေကို ဘယ်လိုအဆုံးသတ်မယ်ဆိုတာ ဆွေးနွေးဖို့ ဒီကနေ့ အစ္စရေးလ်နိုင်ငံဆီ ရောက်သွားပြီးတဲ့နောက် မစ္စတာ Kerry က အဲဒီလို ပြောလိုက်တာပါ။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Ban Ki-moon၊ အစ္စရေးလ်ဝန်ကြီးချုပ် Benjamin Netanyahu နဲ့ မစ္စတာ Kerry တွေ့ဆုံပါတယ်။ ပါလက်စတိုင်းသမ္မတ Mahmoud Abbas နဲ့လည်း Ramallah မြို့မှာ တွေ့ဆုံ ဆွေးနွေးဖို့ စီစဉ်ထားပါတယ်။

နာရီနဲ့အမျှ သေဆုံးသူအရေအတွက် တိုးလာနေတာနဲ့အတူ အပစ်အခတ်ရပ်စဲရေး ရယူဖို့ရာ အလဟဿ ဖြုန်းတီးပစ်လိုက်ဖို့ အချိန်မရှိပါဘူးလို့ အစ္စရေးလ်သမ္မတ Shimon Peres နဲ့ တွေ့ဆုံ ဆွေးနွေးခဲ့တဲ့ မစ္စတာ Ban Ki-moon က ပြောပါတယ်။

အစ္စရေးလ်ဘက်ကတော့ ဒီကနေ့ ဂါဇာကမ်းမြောင်ဒေသကို လေကြောင်းကနေ ဆက်ပြီး တိုက်ခိုက်နေတာကြောင့် လူ ၃ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။

Hamas စစ်သွေးကြွတွေက ဂါဇာကနေ ဒုံးကျည်တွေနဲ့ ပစ်ခတ်တိုက်ခိုက်နေတာ ရပ်ဆိုင်းသွားစေဖို့အတွက် အစ္စရေးလ်က ပြန်ပြီး ထိုးစစ်ဆင် တိုက်ခိုက်ခဲ့ကတည်းကဆိုရင် ပါလက်စတိုင်းလူမျိုး ၆၃၀ ကျော် သေဆုံးခဲ့ရပြီးပါပြီ။

XS
SM
MD
LG