သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂါဇာဒေသ ပြန်လည် ထူထောင်ရေး ဒေါ်လာသန်း ၅,၄၀၀ ထောက်ပံ့မည်


အီဂျစ်နိုင်ငံ၊ ကိုင်ရိုင်မှာ ကျင်းပနေတဲ့ ဂါဇာအလှူရှင်များညီလာခံတက်ရောက်နေသူ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ။ (အောက်တိုဘာ ၁၂၊ ၂၀၁၄)
အီဂျစ်နိုင်ငံ၊ ကိုင်ရိုင်မှာ ကျင်းပနေတဲ့ ဂါဇာအလှူရှင်များညီလာခံတက်ရောက်နေသူ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ။ (အောက်တိုဘာ ၁၂၊ ၂၀၁၄)

မြေထဲပင်လယ်တလျှောက်က စစ်ဘေးဒဏ်သင့်နေတဲ့ ပါလက်စတိုင်းနယ်မြေ ဂါဇာကမ်းမြောင်ဒေသကို ပြန်လည်တည်ဆောက်ဖို့ ဒေါ်လာ ၅.၄ ဘီလျံ ကူညီသွားမယ်ဆိုပြီး ကမ္ဘာတဝှမ်း ခေါင်းဆောင်တွေက ကတိပြုခဲ့ကြပါတယ်။

ကိုင်ရိုမှာကျင်းပနေတဲ့ အလှူရှင် နိုင်ငံ၃၀ ရဲ့ညီလာခံပိတ်ပွဲဖြစ်တဲ့ တနင်္ဂနွေနေ့မှာ နော်ဝေနိုင်ငံခြားရေးဝန်ကြီး Boerge Brende က ဒီ အလှူငွေပမာဏကို ကြေညာခဲ့တာပါ။ ဒီပမာဏာဟာ ပြီးခဲ့တဲ့ ဇူလိုင်နဲ့ သြဂုတ်လတွေက အစ္စရေးနဲ့ ဟားမတ်စ် စစ်သွေးကြွတွေကြား ရက် ၅၀ ကြာ စစ်ပွဲတွေအတွင်း ပျက်စီးခဲ့တာတွေကို ပြန်လည်ပြင်ဆင်ဖို့ လိုအပ်ငွေပမာဏ ဖြစ်တဲ့ ပါလက်စတိုင်းသမ္မတ Mahmoud Abbas ပြောကြားခဲ့တဲ့ ဒေါ်လာ သန်း ၄ ထောင်ထက် ပိုပါတယ်။

ရေနံနဲ့ ချမ်းသာနေတဲ့ ပါရှန်းပင်လယ်ကွေ့ နိုင်ငံဖြစ်တဲ့ Qatar က ဒေါ်လာ သန်းတထောင် လှူမှာဖြစ်တဲ့အတွက် ဒါဟာ အရေအတွက်အများဆုံး လှူဒါန်းတဲ့ နိုင်ငံလည်း ဖြစ်ပါတယ်။ လူသားချင်းဆိုင်ရာ အကူအညီပေးရေး အစီအစဉ်အနေနဲ့ အမေရိကန်က လှူဒါန်းဖို့ ကတိပြုထားတဲ့ ဒေါ်လာ ၂၀၂ သန်းအပြင် နောက်ထပ် ၂၁၂ သန်း လှူဒါန်းဖို့ကိုလည်း အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry က ကြေညာခဲ့ပါတယ်။

ဥရောပသမဂ္ဂအဖွဲ့ဝင် ၂၈ နိုင်ငံက ၅၆၈ သန်းလှူဒါန်းဖို့ ကတိပြုထားပြီး UAE နဲ့ တူရကီနိုင်ငံတွေကလည်း သန်း ၂၀၀ လှူဒါန်းမယ်လို့ ပြောဆိုထားပါတယ်။ ဂါဇာက လိုအပ်ချက်တွေကို ကမ္ဘာကြီးတခုလုံးက ရှင်းရှင်းလင်းလင်း သိမြင်ထားပါတယ်ဆိုပြီးတော့လည်း ကုလသမဂ္ဂအတွင်းရေးမှူးချုပ် Ban Ki-moon က ပြောပါတယ်။

XS
SM
MD
LG