သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗကသ ကျောင်းသားခေါင်းဆောင်ဟောင်း လင်းထက်နိုင်ရဲ့ သဘောထား


မြန်မာနိုင်ငံမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်အာဏာသိမ်းမှု တပတ်တိတိပြည့်မြောက်တဲ့ ဖေဖေါ်ဝါရီလ (၈)ရက်နေ့မှာ နိုင်ငံနဲ့ တဝှမ်း အထွေထွေသပိတ်ကြီး စတင်ဖို့ရှိကြောင်း ဦးဆောင်စီစဉ်သူတွေက ဗွီအိုအေကိုပြောပါတယ်။

မြန်မာနိုင်ငံမှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်အာဏာသိမ်းမှု တပတ်တိတိပြည့်မြောက်တဲ့ ဖေဖေါ်ဝါရီလ (၈)ရက်နေ့မှာ နိုင်ငံနဲ့ တဝှမ်း အထွေထွေသပိတ်ကြီး စတင်ဖို့ရှိကြောင်း ဦးဆောင်စီစဉ်သူတွေက ဗွီအိုအေကိုပြောပါတယ်။ မြန်မာပြည်သူအများစုအနေနဲ့ စစ်အာဏာရှင်လက်အောက်မှာ ထပ်ပြီးမနေချင်ကြတဲ့အတွက် အခုလို လမ်းမတွေပေါ်ထွက်ပြီး ရဲရဲရင့်ရင့် ဆန္ဒပြနေကြသလို ဆက်လက်ပြီးတော့လည်း ငြိမ်းငြိမ်းချမ်းချမ်း ဆန္ဒပြကြမှာဖြစ်တယ်လို့ စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားနေသူ ကျောင်းသားခေါင်းဆောင်ဟောင်း ကိုလင်းထက်နိုင်က ဗွီအိုအေကို ပြောပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ ဖမ်းဆီးထိန်းသိမ်းထားသူတွေအားလုံးကို ချက်ချင်းပြန်လွှတ်ပေးဖို့၊ အရပ်သားအစိုးရကို အာဏာပြန်လွဲှပေးရေး၊ တပ်မတော်သားတွေအနေနဲ့ စစ်တန်းလျားပြန်သွားကြဖို့ စတဲ့အချက်တွေကို ပြည်သူတွေ တညီတညွတ်တည်း တောင်းဆိုထားကြောင်း ကိုလင်းထက်နိုင်က ပြောပါတယ်။ အထွေထွေသပိတ်မှောက်ရာမှာ အစိုးရဝန်ထမ်းတွေအနေနဲ့ အလုပ်မလုပ်ကြဖို့ အချက်လည်း ပါဝင်တယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ ရန်ကုန်မြို့မှာ စနေနေ့က စတင်ပြီး ပြည်သူတွေသိန်းနဲ့ချီ လမ်းမတွေပေါ်ထွက်ဆန္ဒပြခဲ့ကြရမှာ တနင်္ဂနွေနေ့မှာတော့ နိုင်ငံတဝှမ်းက မြို့တွေကို ပျံနှံ့ခဲ့ပါတယ်။ ကရင်ပြည်နယ် မြဝတီမြို့မှာ မနေ့က ဆန္ဒပြသူတွေကို အကြမ်းဖက်ဖမ်းဆီးခံခဲ့ရပေမယ့် နောက်ပိုင်းမှာ အာဏာပိုင်တွေက ပြန်လွှတ်ပေးခဲ့တယ်လို့ ဒေသတွင်း သတင်းတွေမှာ ဖေါ်ပြထားပါတယ်။ စစ်ကားအများအပြား ရန်ကုန်တက္ကသိုလ်ဝင်းထဲကို တနင်္ဂနွေနေ့ညက ရောက်ရှိလာကြောင်း ဆိုရှယ်မီဒီယာတွေမှာ ဗွီဒီယိုဖိုင်တွေ တွေ့မြင်ခဲ့ကြပါတယ်။ ------------------------- မွနျမာနိုငျငံမှာ ဗိုလျခြုပျမှူးကွီး မငျးအောငျလှိုငျဦးဆောငျတဲ့ စဈအာဏာသိမျးမှု တပတျတိတိပွည့ျမွောကျတဲ့ ဖဖေေါျဝါရီလ (၈)ရကျနေ့မှာ နိုငျငံနဲ့ တဝှမျး အထှထှေသေပိတျကွီး စတငျဖို့ရှိကွောငျး ဦးဆောငျစီစဉျသူတှကေ ဗှီအိုအကေိုပွောပါတယျ။ မွနျမာပွညျသူအမြားစုအနနေဲ့ စဈအာဏာရှငျလကျအောကျမှာ ထပျပွီးမနခေငြျကွတဲ့အတှကျ အခုလို လမျးမတှပေေါျထှကျပွီး ရဲရဲရင့ျရင့ျ ဆန်ဒပွနကွေသလို ဆကျလကျပွီးတော့လညျး ငွိမျးငွိမျးခမြျးခမြျး ဆန်ဒပွကွမှာဖွဈတယျလို့ စဈအာဏာရှငျဆန့ျကငြျရေး လှုပျရှားနသေူ ကြောငျးသားခေါငျးဆောငျဟောငျး ကိုလငျးထကျနိုငျက ဗှီအိုအကေို ပွောပါတယျ။ နိုငျငံတောျအတိုငျပငျခံပုဂ်ဂိုလျ ဒေါျအောငျဆနျးစုကွညျ၊ သမ်မတ ဦးဝငျးမွင့ျနဲ့ ဖမျးဆီးထိနျးသိမျးထားသူတှအေားလုံးကို ခကြျခငြျးပွနျလှှတျပေးဖို့၊ အရပျသားအစိုးရကို အာဏာပွနျလှဲှပေးရေး၊ တပျမတောျသားတှအေနနေဲ့ စဈတနျးလြားပွနျသှားကွဖို့ စတဲ့အခကြျတှကေို ပွညျသူတှေ တညီတညှတျတညျး တောငျးဆိုထားကွောငျး ကိုလငျးထကျနိုငျက ပွောပါတယျ။ အထှထှေသေပိတျမှောကျရာမှာ အစိုးရဝနျထမျးတှအေနနေဲ့ အလုပျမလုပျကွဖို့ အခကြျလညျး ပါဝငျတယျလို့ ဆိုပါတယျ။ လကျရှိမှာတော့ ရနျကုနျမွို့မှာ စနနေေ့က စတငျပွီး ပွညျသူတှသေိနျးနဲ့ခြီ လမျးမတှပေေါျထှကျဆန်ဒပွခဲ့ကွရမှာ တနငျ်ဂနှနေေ့မှာတော့ နိုငျငံတဝှမျးက မွို့တှကေို ပြံနှံ့ခဲ့ပါတယျ။ ကရငျပွညျနယျ မွဝတီမွို့မှာ မနေ့က ဆန်ဒပွသူတှကေို အကွမျးဖကျဖမျးဆီးခံခဲ့ရပမေယ့ျ နောကျပိုငျးမှာ အာဏာပိုငျတှကေ ပွနျလှှတျပေးခဲ့တယျလို့ ဒသေတှငျး သတငျးတှမှော ဖေါျပွထားပါတယျ။ စဈကားအမြားအပွား ရနျကုနျတက်ကသိုလျဝငျးထဲကို တနငျ်ဂနှနေေ့ညက ရောကျရှိလာကွောငျး ဆိုရှယျမီဒီယာတှမှော ဗှီဒီယိုဖိုငျတှေ တှေ့မွငျခဲ့ကွပါတယျ။
XS
SM
MD
LG