သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

အာဆီယံကိုယ္စားလွယ္နဲ႔ ေဒၚေအာင္ဆန္းစုၾကည္ ေတြ႔ဆုံခြင့္လက္မခံေၾကာင္း ထပ္မံေျပာဆို


စစ္ေကာင္စီ ဒုတိယဥကၠ႒ ဒုတိယဗိုလ္ခ်ဳပ္မွဴးႀကီးစိုးဝင္း (ယခင္ပံုေဟာင္း)

{{Zawgyi/Unicode}}

အာဏာသိမ္းစစ္ေကာင္စီက ဖမ္းဆီးတရားစြဲဆိုထားတဲ့ ႏုိင္ငံေတာ္အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ ေတြ႔ခြင့္ရဖို႔ အာဆီယံအထူးကိုယ္စားလွယ္က ေတာင္းခံထားတာကို စစ္ေကာင္စီက ထပ္ၿပီး ပယ္ခ်လိုက္ပါတယ္။

တည္ဆဲဥပေဒအရ တရားရင္ဆုိင္ဆဲ ပုဂၢိဳလ္တဦးတေယာက္ကို ဘယ္ပုဂၢိဳလ္အဖြဲ႔အစည္းကမွ ေတြ႔ခြင့္မရွိတဲ့အတြက္ ဘယ္ႏိုင္ငံမွာမဆို ခြင့္ျပဳေပးႏုိင္မွာမဟုတ္ဘူးလို႔ ယံုၾကည္တယ္ဆုိၿပီး စစ္ေကာင္စီ ဒုတိယဥကၠ႒ ဒုတိယဗိုလ္ခ်ဳပ္မွဴးႀကီးစိုးဝင္းက မေန႔က ေျပာခဲ့တာပါ။

အာဆီယံစာရင္းစစ္ခ်ဳပ္ရံုးမ်ားအဖြဲ႔ရဲ႕ ၆ ႀကိမ္ေျမာက္ ထိပ္သီးအစည္းအေဝးကို အထူးဧည့္သည္ေတာ္အေနနဲ႔ တက္ေရာက္ၿပီး မိန္႔ခြန္းေျပာခဲ့တဲ့ထဲမွာ ဒုတိယဗိုလ္ခ်ဳပ္္မွဴးႀကီးစိုးဝင္းက အဲဒီလို ထည့္ေျပာသြားတာျဖစ္ပါတယ္။ ၿပီးခဲ့ဲတဲ့လကုန္ပိုင္းက က်င္းပခဲ့တဲ့ အာဆီယံထိပ္သီးအစည္းအေဝးနဲ႔ ဆက္စပ္ ထိပ္သီးအစည္းအေဝးေတြမွာ စစ္ေကာင္စီေခါင္းေဆာင္ကို တက္ေရာက္ခြင့္မေပးခဲ့တာဟာ အာဆီယံပဋိညာဥ္ပါ ျပဌာန္းခ်က္ေတြနဲ႔ ဆန္႔က်င္ေနတယ္လုိ႔လည္း ဒုတိယဗိုလ္ခ်ဳပ္မွဴးႀကီးစိုးဝင္းက ေျပာပါတယ္။

အာဆီယံျပင္ပႏုိင္ငံေတြရဲ႕ သပ္လွ်ဳိမႈနဲ႔ အခုလိုျဖစ္ရပ္မ်ဳိးကို တျခားအဖြဲ႔ဝင္ႏိုင္ငံေတြလည္း အခ်ိန္ကာလတခု၊ အေျခအေနတခုမွာ ၾကံဳလာရႏုိင္တဲ့သေဘာမ်ဳိး ထည့္သြင္းေျပာဆိုသြားပါတယ္။

အာဆီယံအဖြဲ႔က အားလံုးသေဘာတူခ်မွတ္ထားတဲ့ ျမန္မာ့အေရး ဘံုသေဘာတူညီခ်က္ ၅ ခ်က္ကို အေကာင္အထည္ေဖာ္ဖို႔ကိစၥ စစ္ေကာင္စီဘက္က ပူးေပါင္းေဆာင္ရြက္မႈမရွိတာေၾကာင့္ တိုးတက္မႈမရခဲ့ဘူးဆိုၿပီး အာဆီယံအဖြဲ႔ဝင္ႏိုင္ငံတခ်ဳိ႕က ေထာက္ျပေဝဖန္ခဲ့ၿပီးတဲ့ေနာက္ အာဆီယံထိပ္သီးအစည္းအေဝးနဲ႔ ဆက္စပ္ထိပ္သီးအစည္းအေဝးေတြမွာ စစ္ေကာင္စီေခါင္းေဆာင္ကို အာဆီယံက တက္ခြင့္မေပးခဲ့ပါဘူး။

စစ္ေကာင္စီေခါင္းေဆာင္အစား ႏုိင္ငံေရးပိုင္းက မဟုတ္သူတဦးအျဖစ္တက္ဖုိ႔ ႏုိင္ငံျခားေရးဌာနက အျမဲတမ္းအတြင္းဝန္တဦးကို အာဆီယံကဖိတ္ခဲ့ေပမယ့္ စစ္ေကာင္စီက တက္ဖို႔ ျငင္းခဲ့ပါတယ္။ ဒါေပမယ့္ အဲဒီလိုမတက္တာဟာ အာဆီယံကို သပိတ္ေမွာက္တာမဟုတ္ဘူးလို႔ စစ္ေကာင္စီက ေနာက္ပိုင္းမွာ ထုတ္ျပန္ခဲ့ပါတယ္။


--------------

{{Unicode}}

အာဆီယံကိုယ်စားလှယ်နဲ့ ဒေါ်အောင်ဆန်းစုကြည် တွေ့ဆုံခွင့်လက်မခံကြောင်း ထပ်မံပြောဆို

အာဏာသိမ်းစစ်ကောင်စီက ဖမ်းဆီးတရားစွဲဆိုထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ခွင့်ရဖို့ အာဆီယံအထူးကိုယ်စားလှယ်က တောင်းခံထားတာကို စစ်ကောင်စီက ထပ်ပြီး ပယ်ချလိုက်ပါတယ်။

တည်ဆဲဥပဒေအရ တရားရင်ဆိုင်ဆဲ ပုဂ္ဂိုလ်တဦးတယောက်ကို ဘယ်ပုဂ္ဂိုလ်အဖွဲ့အစည်းကမှ တွေ့ခွင့်မရှိတဲ့အတွက် ဘယ်နိုင်ငံမှာမဆို ခွင့်ပြုပေးနိုင်မှာမဟုတ်ဘူးလို့ ယုံကြည်တယ်ဆိုပြီး စစ်ကောင်စီ ဒုတိယဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက မနေ့က ပြောခဲ့တာပါ။

အာဆီယံစာရင်းစစ်ချုပ်ရုံးများအဖွဲ့ရဲ့ ၆ ကြိမ်မြောက် ထိပ်သီးအစည်းအဝေးကို အထူးဧည့်သည်တော်အနေနဲ့ တက်ရောက်ပြီး မိန့်ခွန်းပြောခဲ့တဲ့ထဲမှာ ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက အဲဒီလို ထည့်ပြောသွားတာဖြစ်ပါတယ်။

ပြီးခဲ့ဲတဲ့လကုန်ပိုင်းက ကျင်းပခဲ့တဲ့ အာဆီယံထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ် ထိပ်သီးအစည်းအဝေးတွေမှာ စစ်ကောင်စီခေါင်းဆောင်ကို တက်ရောက်ခွင့်မပေးခဲ့တာဟာ အာဆီယံပဋိညာဉ်ပါ ပြဌာန်းချက်တွေနဲ့ ဆန့်ကျင်နေတယ်လို့လည်း ဒုတိယဗိုလ်ချုပ်မှူးကြီးစိုးဝင်းက ပြောပါတယ်။

အာဆီယံပြင်ပနိုင်ငံတွေရဲ့ သပ်လျှိုမှုနဲ့ အခုလိုဖြစ်ရပ်မျိုးကို တခြားအဖွဲ့ဝင်နိုင်ငံတွေလည်း အချိန်ကာလတခု၊ အခြေအနေတခုမှာ ကြုံလာရနိုင်တဲ့သဘောမျိုး ထည့်သွင်းပြောဆိုသွားပါတယ်။

အာဆီယံအဖွဲ့က အားလုံးသဘောတူချမှတ်ထားတဲ့ မြန်မာ့အရေး ဘုံသဘောတူညီချက် ၅ ချက်ကို အကောင်အထည်ဖော်ဖို့ကိစ္စ စစ်ကောင်စီဘက်က ပူးပေါင်းဆောင်ရွက်မှုမရှိတာကြောင့် တိုးတက်မှုမရခဲ့ဘူးဆိုပြီး အာဆီယံအဖွဲ့ဝင်နိုင်ငံတချို့က ထောက်ပြဝေဖန်ခဲ့ပြီးတဲ့နောက် အာဆီယံထိပ်သီးအစည်းအဝေးနဲ့ ဆက်စပ်ထိပ်သီးအစည်းအဝေးတွေမှာ စစ်ကောင်စီခေါင်းဆောင်ကို အာဆီယံက တက်ခွင့်မပေးခဲ့ပါဘူး။

စစ်ကောင်စီခေါင်းဆောင်အစား နိုင်ငံရေးပိုင်းက မဟုတ်သူတဦးအဖြစ်တက်ဖို့ နိုင်ငံခြားရေးဌာနက အမြဲတမ်းအတွင်းဝန်တဦးကို အာဆီယံကဖိတ်ခဲ့ပေမယ့် စစ်ကောင်စီက တက်ဖို့ ငြင်းခဲ့ပါတယ်။ ဒါပေမယ့် အဲဒီလိုမတက်တာဟာ အာဆီယံကို သပိတ်မှောက်တာမဟုတ်ဘူးလို့ စစ်ကောင်စီက နောက်ပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။

#AungSanSuuKyi #MyanmarASEAN #ASEANEnvoy #VOABurmese
#ဒုတိယဗိုလ်ချုပ်ကြီးစိုးဝင်း#အာဆီယံစာရင်းစစ်ချုပ်ရုံးများအဖွဲ့

၂၀၂၀ ျပည့္ႏွစ္ သမၼတေရြးေကာက္ပြဲ ျပည္နယ္အသီးသီးအလိုက္ရလဒ္မ်ား

XS
SM
MD
LG