ရဲအရာရှိတဦးဟာ လက်ထိပ်ခတ်ထားပြီးသားသူတဦးရဲ့လည်ပင်းကို ဒူးနဲ့ထောက်ထားခဲ့ရာက သေဆုံးခဲ့တဲ့ဖြစ်ရပ်အတွက် အမေရိကန်ပြည်နယ် ၁ ဒါဇင်ကျော်မှာ ကန့်ကွက်ဆန္ဒပြပွဲတွေ ဖြစ်နေပါတယ်။
George Floyd သေဆုံးမှု အမေရိကန်တဝှမ်း ဆန္ဒပြပွဲ မြင်ကွင်းများ

၅
လူမည်းအမျိုးသား George Floyd ကို ဖမ်းဆီးချိန် ရဲအရာရှိရဲ့ အင်အားအလွန်အကျွံသုံးမှုကြောင့် သေဆုံးခဲ့ရတဲ့ အမေရိကန်ကဖြစ်ရပ်အတွက် ဂျာမနီနိုင်ငံ ဘာလင်မြို့မှာ ဆန္ဒပြနေပုံ။

၆
Mexico နိုင်ငံ၊ အမေရိကန်သံရုံးရှေ့မှာ George Floyd အတွက် အမှတ်တရ ဓာတ်ပုံနဲ့ပန်းများ လာရောက်ချထားကြပုံ။ (မေ ၃၀)

၇
ဝါရှင်တန်ဒီစီမြို့အတွင်း ဆန္ဒပြသူတွေကို မျက်ရည်ယိုဗုံးသုံးခဲ့တဲ့အတွက် မျက်လုံးရောင်ယမ်းတာကို သက်သာလာစေဖို့ သုံးနိုင်အောင် ချထားပေးတဲ့ ရေဗူး၊ ဆိုဒါနဲ့ နွားနို့တွေကို လမ်းပေါ်မှာ တွေ့ရစဉ်။

၈
George Floyd အတွက် တရားမျှတမှုရရေး သမ္မတအိမ်ဖြူတော်နားမှာ ဆန္ဒပြနေသူများ။ (မေ ၃၀၊ ၂၀၂၀)