ရုရှား အာဏာပိုင်တွေက အမေရိကန် ကုဋေကြွယ်သူဌေးကြီး George Soros တည်ထောင်ထားတဲ့ Open Society Foundation ပွင့်လင်း လူ့အဖွဲ့ ဖေါင်ဒေးရှင်းကို တနင်္လာနေ့မှာ အမည် မည်းစာရင်း ထည့်သွင်းလိုက်ပါတယ်။
Open Society Foundation နဲ့ Open Society Institute Assistance Foundation တို့ကို မလိုလားအပ်တဲ့ အဖွဲ့အစည်း စာရင်းမှာ ထည့်သွင်းလိုက် တယ်လို့ ရုရှား အစိုးရရှေ့နေချုပ်ရုံးက ပြောပါတယ်။ ဒီအဖွဲ့အစည်းတွေ အနေနဲ့ သူတို့ရဲ့ ရုရှားမိတ်ဖက် အဖွဲ့အစည်းတွေအပေါ် ထောက်ပံ့ ပေးမှုတွေကို တားမြစ် လိုက်ပါတယ်။
ရုရှား သမ္မတ Vladimir Putin လက်မှတ်ရေးထိုးပြီး မေလ အတွင်း ပြဌာန်းလိုက်တဲ့ ဥပဒေအရ Soros ရဲ့ ရံပုံငွေ အဖွဲ့အစည်းတွေဟာ ရုရှားအခြေခံ ဥပဒေ အဖွဲ့ အစည်းတွေဖြစ်တဲ့ ကာကွယ်ရေးနဲ့ အမျိုးသားလုံခြုံရေး စတာတွေကို ထိခိုက်အောင် ပြုလုပ်နေတယ်လို့ အစိုးရရှေ့နေတွေကပြောပါတယ်။
Open Society Foundation ကလည်း တနင်္လာနေ့ နှောင်းပိုင်းမှာ ကြေညာချက် တစောင် ထုတ်ပြန်လိုက်ပြီး သူတို့အဖွဲ့ဟာ လွန်ခဲ့တဲ့ ၂၅ နှစ်ကျော် ကတည်းက ရုရှားနိုင်ငံရဲ့ ဥပဒေစိုးမိုးမှု အားကောင်းအောင် နဲ့ အားလုံးရဲ့ အခွင့်အရေးတွေကို ကာကွယ်မှုပေး ခဲ့တယ်လို့ခုခံချေပ လိုက်ပါတယ်။
Soros ဖေါင်ဒေးရှင်းဟာ မြန်မာ့ဒီမိုကစီရေးအတွက် နှစ်ပေါင်း အတန်ကြာ ကတည်းက ကူညီထောက်ပံ့မှုတွေ ပေးနေတဲ့ အဖွဲ့ဖြစ်ပါတယ်။