သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျာမနီလက်ယာစွန်း နိုင်ငံရေးခေါင်းဆောင် NATO အဖွဲ့ရပ်တည်ချက်ကို မေးခွန်းထုတ်


ဂျာမနီလက်ယာစွန်း AfD ပါတီ နိုင်ငံရေးခေါင်းဆောင် များ တွေ့ဆုံ (Photo by JOHN MACDOUGALL / AFP)
ဂျာမနီလက်ယာစွန်း AfD ပါတီ နိုင်ငံရေးခေါင်းဆောင် များ တွေ့ဆုံ (Photo by JOHN MACDOUGALL / AFP)

ရုရှားအပါအဝင် ဥရောပနိုင်ငံတွေ အကျိုးစီးပွားကို ထည့်သွင်း မစဉ်းစားဘူးဆိုရင် NATO အဖွဲ့ဝင်အဖြစ်ကို ပြန်လည်စဉ်းစားသုံးသပ်ဖို့ ဂျာမနီနိုင်ငံ လက်ယာစွန်းပါတီ AfD ရဲ့ ပူးတွဲခေါင်းဆောင်က ဒီနေ့ပဲ ပြောလိုက်ပါတယ်။

အမေရိကန်ရဲ့ အကျိုးစီးပွားအတွက် ဥရောပကို ဖိအားပေးခဲ့တာကို ဆန့်ကျင်ကြောင်း AfD ပါတီခေါင်းဆောင် တယောက်ဖြစ်တဲ့ Tino Chrupalla က ဂျာမန်သတင်းစာ Welt ကို ပြောလိုက်တာပါ။ လက်ရှိ NATO အဖွဲ့ဟာ ကာကွယ်ရေးဆိုင်ရာ မဟာမိတ်အဖွဲ့ မဟုတ်ဘဲ ကာကွယ်ရေးဆိုင်ရာ အသိုက်အဝန်းတခုဖြစ်ပြီး ရုရှားအပါအဝင် ဥရောပနိုင်ငံတွေရဲ့ အကျိုးစီးပွားကို လေးစားလက်ခံဖို့ လိုတယ်လို့လည်း ပြောပါတယ်။

NATO အဖွဲ့က ဒီအတိုင်းမလုပ်နိုင်ဘူး ဆိုရင်တော့ ဂျာမနီအတွက် ဘယ်လောက်လက်တွေ့ အကျိုးရှိနိုင်မလဲဆိုတာ ပြန်သုံးသပ်ရလိမ့်မယ်လို့လည်း ပြောခဲ့တာပါ။ ဝန်ကြီးချုပ် Olaf Scholz ဦးဆောင်တဲ့ ညွန့်ပေါင်းအစိုးရ ပြိုကွဲသွားပြီးနောက် လာမယ့် ဖေဖော်ဝါရီလ ၂၃ ရက်မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲတွေမှာ လက်ယာစွန်း AfD ပါတီက ထောက်ခံမှု ၁၈ ကနေ ၁၉ ရာခိုင်နှုန်းလောက် ရရှိထားတယ်လို့လည်း လူထုစစ်တမ်းတချို့က ခန့်မှန်းထားကြပါတယ်။

ဝန်ကြီးချုပ် Scholz ရဲ့ ဆိုရှယ်ဒီမိုကရက်ကတော့ ၁၆ ကနေ ၁၇ ရာခိုင်နှုန်းနဲ့ ကွန်ဆာဗေးတစ် CDU-CSU ကတော့ ၃၁ ကနေ ၃၂ ရာခိုင်နှုန်းလောက်နဲ့ ဦးဆောင်နေတာပါ။ ညွန့်ပေါင်းဖွဲ့ဖို့ တခြားပါတီတွေက လက်မခံတာကြောင့် လက်ယာစွန်း AfD ပါတီ အနေနဲ့ အစိုးရဖွဲ့နိုင်မယ့် အလားအလာတော့ မရှိပါဘူး။

Forum

XS
SM
MD
LG