သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်း ငြိမ်းချမ်းရေး ဂျာမနီ၊ ပြင်သစ် အဆိုပြုချက် အသစ်


Endonezya Sumatra Adası'nda toplu balık ölümleri.
Endonezya Sumatra Adası'nda toplu balık ölümleri.

ယူကရိန်းနဲ့ ရုရှားနယ်စပ်နားမှာ တိုးလာတဲ့ တိုက်ပွဲတွေ ရပ်စဲသွားစေဖို့ ငြိမ်းချမ်းရေး အဆိုပြုချက် အသစ်ကိုတင်ပြမယ့် ဂျာမနီနဲ့ ပြင်သစ် ခေါင်းဆောင်တွေဟာ ကြာသပတေးနေ့မှာ ယူကရိန်းနိုင်ငံ Kyiv မြို့တော်ကို ရောက်လာကြပြီဖြစ်ပါတယ်။

ဂျာမနီဝန်ကြီးချုပ် Angela Merkel နဲ့ ပြင်သစ်သမ္မတ Francois Hollande တို့ဟာ ကီးယက်ဗ်မှာ ယူကရိန်းသမ္မတ Petro Poroshenko နဲ့ တွေ့ဆုံခဲ့ ပါတယ်။ ခေါင်းဆောင်တွေဟာ တံခါးပိတ်ဆွေးနွေးမှုတွေ လုပ်ခဲ့ပြီး ငြိမ်းချမ်းရေး အတွက် ဥရောပဘက်က ကမ်းလှမ်းမှုနဲ့ ပါတ်သက်ပြီးသတင်းမီဒီယာတွေကို တစုံတရာ ထုတ်ဖေါ် မပြောကြပါဘူး။ ဂျာမနီနဲ့ ပြင်သစ်ခေါင်းဆောင် ၂ ဦးစလုံးဟာ သူတို့ရဲ့ အဆိုပြုချက်ကို ရုရှားသမ္မတ Vladimir Putin ကိုသောကြာနေ့မှာ တင်ပြဖို့ အခု မော်စကိုကို သွားနေပြီဖြစ်ပါတယ်။

ကြာသပတေးနေ့ အစောပိုင်းတုန်းကတော့ ယူကရိန်းနိုင်ငံ အရှေ့ပိုင်းဒေသမှာ တိုက်ပွဲတွေ အရှိန်မြင့်လာတာနဲ့ ပါတ်သက်ပြီး ရုရှား ကျောထောက်နောက်ခံ ပေး ထားတဲ့ ခွဲထွက်ရေး သမားတွေနဲ့ ရုရှားအစိုးရတို့ကို အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး John Kerry က အပြစ်တင်လိုက်ပါတယ်။ ရုရှားသမ္မတ Vladimir Putin ဟာ ဒီစစ်ပွဲရပ်ဆိုင်းသွားစေမယ့် လမ်းကို ရွေးနိုင်သူဖြစ်တယ် လို့လည်း ပြောကြားခဲ့ပါတယ်။

ယူကရိန်းသမ္မတနဲ့ တွေ့ဆုံအပြီးမှာ ဝန်ကြီးကယ်ရီက အခုလို ပြောကြားခဲ့တာ ဖြစ်ပြီး သံတမန်ရေးအရ ဆွေးနွေးအဖြေရှာဖို့ လိုလားတယ်လို့ ပြောခဲ့တာပါ။ ဒါပေမယ့် ရုရှားက သံချပ်ကာ ကားတွေ နယ်စပ်ကို ကျော်ဖြတ်ပြီး ဝင်လာနေတာကိုတော့ မျက်ကွယ်ပြုမထားနိုင်ဘူးလို့ ဆိုပါတယ်။

XS
SM
MD
LG