သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Merkel နဲ့Trump တွေ့ဆုံမှု သောကြာနေ့ ရွှေ့ဆိုင်း


ဂျာမနီဝန်ကြီးချုပ် Angela Merkel နှင့် အမေရိကန်သမ္မတ Donald Trump
ဂျာမနီဝန်ကြီးချုပ် Angela Merkel နှင့် အမေရိကန်သမ္မတ Donald Trump

အမေရိကန်သမ္မတ Donald Trump နဲ့ ဂျာမနီဝန်ကြီးချုပ် Angela Merkel တို့ သောကြာနေ့ တေ့ွဆုံကြတဲ့အခါ ရုရှားသမ္မတနဲ့ဆက်ဆံရတဲ့ အတေ့ွအကြုံတွေကို သမ္မတ Trump ကမေးမြန်းမှာဖြစ်ပါတယ်။

ရုရှားအစိုးရနဲ့ ထိတွေ့ ဆက်ဆံဖို့ပြင်ဆင်နေတဲ့ သမ္မတအနေနဲ့ ဂျာမနီဝန်ကြီးချုပ်ရဲ့ အမြင်တွေကိုကြားရဖို့ အထူးစိတ်ဝင်စားနေတယ်လို့ အစိုးရအကြီးတန်းတာဝန်ရှိသူတယောက်က ပြောပါတယ်။ သမ္မတ Trump နဲ့ ဂျာမနီဝန်ကြီးချုပ်တို့ အင်္ဂါနေ့မှာ တေ့ွဆုံကြဖို့ စီစဉ်ထားပေမဲ့ ဝါရှင်တန်မြို့တော်ကို နှင်းမုန်တိုင်းဝင်နေတဲ့အတွက် တွေ့ဆုံပွဲကို သောကြာနေ့ကို ရွှေ့ဆိုင်းထားရပါတယ်။

ဂျာမနီဝန်ကြီးချုပ်နဲ့ သမ္မတ Trump တု့ိကြား သဘောထားအမြင်တွေ တော်တော်လေးကွဲပြားပေမဲ့ သမ္မတအနေနဲ့ ကွဲပြားမှုတွေကို နောက်ချန်ထားပြီး ကုန်သွယ်ရေးကနေ၊ ရုရှားတို့ရဲ့ ဆိုင်ဘာတိုက်ခိုက်မှု၊ ယူကရိန်းကို ကျူးကျော်မှုစတဲ့ ကိစ္စရပ်တော်တော်များများမှာ ခိုင်မာတဲ့ ဘုံရပ်တည်ချက်တွေရရှိဖို့ လိုလားနေတယ်လို့ ခေါင်းဆောင် ၂ ယောက်တေ့ွဆုံမယ့်ကိစ္စနဲ့ပါတ်သက်လို့ အစိုးရတာဝန်ရှိသူတွေက သတင်းထောက်တွေကို ပြောခဲ့ပါတယ်။ ဂျာမနီက ဒုက္ခသည်အမြောက်အများကို လက်ခံခဲ့တာနဲ့ပါတ်သက်လို့ ဝန်ကြီးချုပ် Merkel ရဲ့မူဝါဒတွေက ဂျာမနီနိုင်ငံကို ဖျက်ဆီးနေတယ်လို့ Mr. Trump က သမ္မတမဲဆွယ်စဉ်ကာလမှာ စွပ်စွဲပြောကြားခဲ့တာဖြစ်ပါတယ်။

သမ္မတဟောင်း Barack Obama နဲ့ရင်းနှီးတဲ့ဆက်ဆံရေးရှိတယ်လို့ သိကြတဲ့ ဝန်ကြီးချုပ် Merkel ကလည်း သမ္မတ Trump ရဲ့ ယာယီခရီးသွားပိတ်ပင်မှုတွေအပေါ် ပြစ်တင်ဝေဖန်ခဲ့တာဖြစ်ပါတယ်။

Merkel နဲ့ Trump တွေ့ဆုံမှု သောကြာနေ့ ရွှေ့ဆိုင်း
please wait

No media source currently available

0:00 0:01:13 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG