သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အကြမ်းဖက်မှု သံသယရှိသူ ၂ ဦး ဂျာမနီ ဖမ်းဆီး


ဂျာမန်ရဲလုံခြုံရေးတင်းကျပ် (ဇန်နဝါရီ ၁၆-၂၀၁၅)
ဂျာမန်ရဲလုံခြုံရေးတင်းကျပ် (ဇန်နဝါရီ ၁၆-၂၀၁၅)

ဆီးရီးယားမှာရှိတဲ့ IS အစ္စလာမ်မစ် စစ်သွေးကြွအဖွဲ့အတွက် တိုက်ခိုက်ရေး သမားတွေ စည်းရုံးနေသူတွေလို့ သံသယရှိသူ နှစ်ဦးကို ဂျာမနီနိုင်ငံ ဘာလင်မြို့မှာ ဖမ်းဆီးလိုက်တဲ့အကြောင့် ဂျာမနီ ရဲတပ်ဖွဲ့က ပြောပါတယ်။ ဘာလင်မြို့တော်မှာ ဒီကနေ့ သောကြာနေ့ အဆောက်အဦး ၁၁ ခုကို ရဲဝန်ထမ်း ၂၀၀ ကျော်နဲ့ ဝင်ရောက် ရှာဖွေ ဖမ်းဆီးမှုတွေ ဆက်တိုက် လုပ်ခဲ့မှုတွင်း ဒီ လူ နှစ်ဦးကို ဖမ်းဆီးမိခဲ့တဲ့အကြောင်း ရဲက ပြောပါတယ်။

လူတယောက်ရဲ့ ကိုယ်ရေးကိုယ်တာ လွတ်လပ်ခွင့်ကို အကာအကွယ်ပေးတဲ့ ဥပဒေအရ အခု ဖမ်းဆီးထားသူတွေနဲ့ ပတ်က်လို့နံမည်အတိ အကျမပြောဘဲ တယောက်ကတော့ အဖွဲ့ခေါင်းဆောင် အသက် ၄၁ နှစ်အရွယ် Ismet D ဖြစ်တယ်လို့ ဆိုပါတယ်။ ဆီးရီးယားက ဖောက်ပြန်သူတွေကို တိုက်ခိုက်ချေမှုန်းဖို့ ဆိုပြီး တူရကီနဲ့ ရုရှား နိုင်ငံသားတွေကို စည်းရုံး လှုံ့ဆော်နေသူအဖြစ် သံသယရှိခံထားရသူပါ။

နောက်တဦးကတော့ အသက် ၄၃ နှစ်အရွယ် Emin F လို့ ဆိုပြီး သူ့ကတော့ ဘဏ္ဍာငွေ ရှာဖွေစုဆောင်းမှုတွေ လုပ်ခဲ့သူအဖြစ် သံသယ ဖြစ်ခံထား ရတာပါ။ ဒီလူနှစ်ဦးဟာ ဂျာမနီနိုင်ငံတွင်း တိုက်ခိုက်မငတွေ လုပ်ဖို့ ကြံစည်နေတယ်ဆိုတဲ့ သက်သေ အထောက်အထားတွေတော့ မရှိတဲ့အကြောင်း ရဲက ပြောပါတယ်။

ဒီလူတွေဟာ ပြင်သစ်နိုင်ငံမှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေနဲ့ ဆက်စပ်ပုံမရဘူးလို့လည်း ဘာလင်မြို့က အစိုးရရှေ့နေ Martin Steltner က ပြောဆိုပြီး၊ ဒီကိစ္စ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေတာ လနဲ့ချီ ကြာခဲ့ပြီး ဖြစ်တယ်လို့လည်း ဆိုပါတယ်။

XS
SM
MD
LG