ဂျာမဏီနိုင်ငံမှာ ဓာတုပစ္စည်းတွေနဲ့ တိုက်ခိုက်ဖို့ သံသယရှိသူ အီရန်လူမျိုးနှစ်ယောက်ကို ဖမ်းဆီးလိုက်တယ်လို့ ဂျာမဏီ ရဲတပ်ဖွဲ့က တနင်္ဂနွေနေ့ က ပြောပါတယ်။
အစ္စလာမ် အစွန်းရောက် တိုက်ခိုက်မှုတစ်ရပ်ကို ဆင်နွှဲဖို့ အဆိပ်သင့်စေတဲ့ cyanide and ricin ဓာတုပစ္စည်းတွေကို ရယူခဲ့တယ်လို့ သံသယ ရှိတဲ့အတွက် ဘာလင်မြို့ရဲ့ အနောက်ဘက် ကီလိုမီတာ ၅၀၀ လောက် ဈေးတဲ့ Castrop-Rauxel မြို့မှာ အသက် ၃၂ နှစ် အရွယ် အီရန်လူမျိုးတစ်ယောက်ကို ရဲက ဖမ်းဆီးခဲ့တာဖြစ်ကြောင်း ရဲနဲ့ Duesseldorf အစိုးရ ရှေ့နေရုံးက သတင်းထုတ်ပြန်ပါတယ်။
သူနဲ့ ညီအစ်ကိုတော်သူတစ်ယောက်နဲ့ သူ့ကို စနေနေ့ ညသန်းခေါင်ယံမတိုင်မီမှာ ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီးက ဆိုပါတယ်။ Ricin ဓာတုပစ္စည်းကို ဓာတုလက်နက်အဖြစ် ဂျာမဏီမှာ စာရင်းသွင်းထားပါတယ်။ ဆိုင်ယာနိုဒ် ဓာတုပစ္စည်းကလည်း လူ ကို သေစေနိုင်တဲ့အဆိပ် ဖြစ်ပါတယ်။ ရဲတွေဟာ ဓာတုကာကွယ်ရေး ဝတ်စုံတွေနဲ့ စီးနင်းရှာဖွေခဲ့ကြတာ ဖြစ်တယ်လို့ ဒေသန္တရ မီဒီယာတွေက ဆိုပါတယ်။
ဓာတုဗုံးနဲ့ တိုက်ခိုက်နိုင်တယ်လို့ နိုင်ငံခြားထောက်လှမ်းရေး အဖွဲ့တစ်ဖွဲ့က ဂျာမဏီအစိုးရကို လွန်ခဲ့တဲ့ ရက်အတော်ကြာက သတင်းပေးခဲ့တာ ဖြစ်ကြောင်း ဂျာမဏီနေ့စဉ်သတင်းစာ Bild က ဆိုပါတယ်။
======= Unicode =====